မကွေးမြို့ပေါ်ရှိ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီများနှင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး) သည် (၂၀.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိဆေးဝါး ဖြန့်ဖြူးရေး ကုမ္ပဏီများနှင့်ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီများတွင် ဆေးဝါးများသိုလှောင်ထားသည့်နေ ရာများသန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ အခန်းတွင်းအပူချိန်တိုင်းကိရိယာများတပ်ဆင်ထားမှုရှိ/မရှိ၊ ဆေးများ စနစ်တကျသိုလှောင်ထားခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများသိုလှောင်ဖြန့်ဖြူးခြင်းရှိ/ မရှိ၊ ဆေးဝါးဖြန့်ဖြူးရေး လိုင်စင်သက်တမ်းတိုးများစစ်ဆေးခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင်သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းရှိ/ မရှိ၊ ဆေးများစုပုံ သိုလှောင်ထားခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)

















