ပေါက်မြို့၌အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တာဝန်ခံဒု-ဦးစီးမှူး ဦးကျော်စိုးသည်(၂၁.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်မြို့၊အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့် ဈေးတန်းဆိုင်များ၊ မြို့မဈေးနှင့်ယာယီပျံကျဈေးတွင်ရောင်းချသော ဈေးဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စာသင်ကျောင်းများ၌ ရောင်းချသောကျောင်းမုန့် ဈေးတန်းဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေမည့် အစားအသောက်များရောင်းချမှုမရှိစေရေး၊ ကျန်းမာရေးဝန်ကြီး ဌာနမှတားမြစ်ထားသော ခွင့်မပြုဓာတုဆိုးဆေးများပါ အစားအသောက်များ၊ အချိုရည်များ ရောင်းချခြင်းမရှိစေရေးစစ်ဆေးခဲ့ပြီး မြို့မဈေးနှင့်ယာယီပျံကျဈေးတွင် စားသုံးရန်မသင့်သော အေးခဲ Ready Made အသားများ၊ အစားအစာများ ရောင်းချခြင်းမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများရောင်းချမှုမရှိစေရေးတို့အားကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)