မြိတ်မြို့ပေါ်တွင် အောက်တိုဘာလအတွင်း အရန်သင့်စည်သွပ်အစားအစာ အမျိုးမျိုးအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအားစားသုံးသူပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဘဏ္ဍာနှစ်အလိုက် စျေးကွက်မရောက်မီစစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်များသတ်မှတ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ တိုးချဲ့ရပ်၊ မြိတ်မြို့ရှိ ကုန်စုံဆိုင်များတွင် စျေးကွက်အတွင်း ရောင်းချခြင်းမပြုရသေးသော Ready အမှတ်တံဆိပ်၊ အရန်သင့်စည်သွပ်အစားအစာအမျိုးမျိုးအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း (Pre Market Surveillance)အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ စျေးကွက်အတွင်း ကုန်စည်များ အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချမှုရှိစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကုန်စည်ထုတ်လုပ် /ဖြန့်ဖြူးရောင်းချနေမှုများနှင့်စပ်လျဥ်း၍ စျေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Surveillance) အားဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဥ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါသတ်မှတ်ချက်များနှင့် အညီပြည်စုံမှန်ကန်စွာပါရှိမှုများ ရှိ/ မရှိ၊ သန့်ရှင်းသပ်ရပ်မှု၊ ဘေးအန္တရယ်ကင်းရှင်းမှု ရှိ/မရှိ၊ သက်တမ်းကုန်လွန်ခြင်းများ ရှိ/ မရှိနှင့် အခြားသက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/ မရှိအား စစ်ဆေးဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

















