
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ) (Apron& Drain)အပါ အဆောက်အဉီ ဆောက်လုပ်ခြင်း လုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ ၁၄.၅.၂၀၂၀ရက်နေ့တွင် အပေါ်ထပ်အမိုးနှင့်ဘင်းများ ကွန်ကရစ်လောင်းရန် ပုံဆင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ၂၉.၅.၂၀၂၀ ရက်နေ့အထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ ၅၅% ခန့် ပြီးစီးပြီး ဖြစ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်