ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အီလက်ထရောနစ်ဆိုင် တစ်ခုထံမှ 25”TV တစ်လုံးအား ငွေကျပ် ၈၅၀,၀၀ဝ/-ဖြင့် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်း မကုန်ဆုံးမီ ပျက်စီးသွားသောကြောင့် ဆိုင်သို့ ပြုပြင်ရန် ပို့ဆောင်ပေးခဲ့ရာ (၃)လခန့်ကြာသည်အထိ ပြုပြင် ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။
Monthly Archive Page
ရန်ကုန်တိုင်းဒေသကြီးရှိ ကားအရောင်းစင်တာအွန်လိုင်း Page တစ်ခုသည် Brand New Honda CR-V ယာဉ်များအား ဆိုရှယ်မီဒီယာမှတဆင့် ကြော်ငြာရောင်းချလျက်ရှိရာ EV ကား သာ တင်သွင်းခွင့်ပြုထားချိန်ဖြစ်သဖြင့် မှန်ကန်မှုရှိ/မရှိ စိစစ် အရေးယူဆောင်ရွက်ပေးရန် စားသုံးသူတစ်ဦးက အကြောင်းကြားလာပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ တိုင်ကြား သူတစ်ဦးသည် LAPTOP SHOWROOM တစ်ခုထံမှ laptop အား ငွေကျပ် ၁,၄၅၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ပြီးနောက် laptop Battery Error ဖြစ်ပေါ်လာသဖြင့် ဆိုင်သို့ ဆက်သွယ် အကြောင်းကြားသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နေ တိုင်ကြားသူတစ်ဦး သည် မကွေးမြို့ရှိ ကားဂိတ်တစ်ခု တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို မန္တလေးမှ အောင်လံမြို့သို့ ဝန်ဆောင်ခ ပေး၍ ပို့ဆောင်စေခဲ့ရာ ၎င်းပစ္စည်းမှာ အောင်လံမြို့သို့ ရောက်ရှိ လာ ခြင်းမရှိသဖြင့် ဂိတ်သို့ မေးမြန်း စုံစမ်းရာ ဂိတ်တာဝန်ရှိသူမှ မကွေးမြို့ရှိဂိတ်သို့ ပေးပို့ခဲ့ကြောင်း၊ မကွေးမြို့ရှိဂိတ်မှတစ်ဆင့် အခြားယာဉ်လိုင်းဖြင့် ဆက်လက်ပေးပို့စေခဲ့ရာတွင် ပစ္စည်းမှာ လမ်းတွင်ပျောက်ဆုံးခဲ့ကြောင်း၊ မကွေးမြို့ရှိ ဂိတ်တာဝန်ရှိသူမှ လျော်ကြေးငွေကျပ်(၃)သိန်း ပေးလျော်မည်ဖြစ်ကြောင်း ပြောကြားခဲ့မှု အပေါ် ပစ္စည်း၏တန်ဖိုးမှ
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် xxx ဆိုင်မှ Asus Proart Display Pa279CV 27” 4 K HDR UHD IPS 60 HZ Moniter အား ငွေကျပ် ၁,၆၅၈,၈၃၅ ဖြင့်ဝယ်ယူခဲ့ရာ အာမခံသက်တမ်း (၃)နှစ်အတွင်း Monitor တွင် Error ဖြစ်ပေါ်သောကြောင့် ဆိုင်သို့ အကြောင်းကြားသော် လည်း User Fault ဟုပြောဆိုပြီး ပြင်ဆင်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online Website မှ တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်နေ သော အဖွဲ့အစည်းအား ဖမ်းဆီးဖော်ထုတ် အရေးယူ ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် လပွတ္တာ-မြောင်းမြ ယာဉ်လိုင်းဖြင့် ဆန်စက်တွင် အသုံးပြုသော ၇.၅ ကီလိုဝပ် ရေပန့်မော်တာ တစ်လုံးအား မြောင်းမြမြို့သို့ ပို့ဆောင်ရာတွင် လမ်းတွင် ပစ္စည်းပျောက်ဆုံးသွားပါသဖြင့် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

















