Monthly Archive Page

       ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် ပရိဘောဂပစ္စည်းအရောင်းဆိုင်တစ်ခုထံမှ  ဗီဒိုနှင့် မှန်တင်ခုံအား ငွေကျပ် (၁၅)သိန်းပေးချေ၍ မှာယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းအပ် နှံနိုင်ခြင်းမရှိသည့်အပြင် ငွေပြန်အမ်းခြင်းလည်းမရှိသောကြောင့် စားသုံး သူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက် သွယ်တိုင်ကြားလာပါသည်။

    ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Electronic အရောင်းဆိုင်တစ်ခုမှ ၃-၂-၂၀၂၄ ရက်နေ့ တွင် ငွေ ကျပ် ၃၃၅,၀၀၀/- ဖြင့်TV ဝယ်ယူခဲ့ပြီး (၂) ပတ်အကြာ TV အသံပျောက်သွားသည့်အတွက် ဆိုင်သို့ဖုန်းဆက်မေးမြန်းခဲ့ရာ ဆိုင်မှ ပြောကြားသည့်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း အဆင်ပြေမှုမရှိ သည့်အတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆိုင်သို့ပို့ဆောင်ခဲ့ရာ (၁)ပတ်ခန့်ကြာမြင့်မည်ဟု ပြောကြား ခဲ့ပါကြောင်း၊ ၁၀-၃-၂၀၂၄ ရက်နေ့တွင် ဆိုင်၏ Facebook Page မှ Live Sale ရောင်းချနေသည်ကို တွေ့ရှိရသည့်အတွက် အပ်

      မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက်ကုမ္ပဏီ တစ်ခုမှ power fiber internet ကို ၂၀၁၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး ၂၇-၃-၂၀၂၅ ရက်နေ့တွင် (၃)လစာ ငွေ ကျပ် ၈၆,၀၀၀/-ဖြင့် သက်တမ်းတိုး ဆောင်ရွက်ခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့မှ စတင်ပြီး လိုင်း‌‌ပြတ်‌တောက်နေ ပါသဖြင့် customer service သို့ အကြိမ်ကြိမ် ဆက်သွယ်၍ ပြင်ဆင်ပေးရန် ပြောကြားသော်လည်း  ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Co

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေတိုင်ကြားသူတစ်ဦး သည် Mobile Page တစ်ခု၏ Chat Box မှတစ်ဆင့် IPS LCD, 1B Colours, 120 Hz, HDR10, Dolby Vision, Tablet တစ်လုံး တန်ဖိုးငွေကျပ် ၃၅၀,၀၀ဝ/-အားငွေပေးချေမှာယူခဲ့ရာ အရောင်း ဆိုင်က မြန်မာနိုင်ငံအနှံ့ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းဖြင့် ပို့ ဆောင်ပေးမည်ဖြစ်ပြီး ပစ္စည်းအား ဖွင့်ဖောက်စစ်ဆေးပြီးမှ ငွေလွှဲပေးရန်ပြောကြားသဖြင့် လွှဲပေးခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအနှံ့ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းမှ ပေးပို့လာသည့် ပြေစာပါ ကားဂိတ်သို့ သွားရောက်

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် နေ တိုင်ကြားသူတစ်ဦးသည် မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်း ကုန်းဆင်း၊ မင်းလမ်းလိပ်စာဖြင့် အစားအသောက်ကုန်ပစ္စည်း များ ရောင်းဝယ်ရေးလုပ်သော Facebook အကောင့်တစ်ခုမှ ၂၃-၇-၂၀၂၅ ရက်နေ့တွင် ဒူးရင်းသီးဝယ်ယူခဲ့ပြီး ငွေကျပ် ၅၀,၀၀၀/ -လွှဲပေးပြီးနောက် ပစ္စည်းရောက်မလာသည့်အတွက် စားသုံးသူရေးရာဦးစီး ဌာန၏ Website Complaint System မှတဆင့် တိုင်ကြားလာပါသည်။