ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
29 Nov 2022

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဆိုင်ကယ်ရောင်းချသည့် ကိုယ်စားလှယ်ထံမှ ဆိုင်ကယ်အရစ်ကျစနစ်ဖြင့် (၁)လလျှင် ၅၀,၀၀ဝိ/-ဖြင့် (၁၂)လ အကျေပေးသွင်းပြီး ဝယ်ယူခဲ့ရာ ဆိုင်ကယ်လိုင်စင် စာအုပ်မရရှိသောကြောင့် ကိုယ်စားလှယ်ထံသို့ (၃) ကြိမ်တိုင်တိုင် သွားရောက်ပြောဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် တိုင်ကြားလာခြင်း ဖြစ်ပါသည်။  တိုင်ကြားမှုအပေါ် တိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၆-၁၀-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ (ကိုယ်စားလှယ်)တို့

29 Nov 2022

        ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online မှ ရောင်းချသည့် ဆံပင်ထိန်းသိမ်းခြင်းဆိုင်ရာ ပစ္စည်းအရောင်းဆိုင်မှ  သီတင်းကျွတ် အရောင်းမြှင့်တင်ခြင်း အစီအစဉ်အဖြစ်တန်ဘိုး (၁၆) သိန်းကျော်တန်သည့် ဆံပင်ထိန်းသိမ်းခြင်းဆိုင်ရာ ပစ္စည်းများကို တန်ဘိုး (၇) သိန်းကျော်ဖြင့် ရောင်းချခဲ့သည့်အတွက် ဝယ်ယူခဲ့ပါ သည်။ ဝယ်ယူပြီး တစ်ပတ်အကြာထပ်မံ၍ သီတင်းကျွတ်အရောင်းမြှင့်တင်ခြင်း အစီအစဉ်အဖြစ် တန်ဘိုး(၆)သိန်းကျော်ဖြင့် ထပ်မံရောင်းချသည့် အတွက် ပိုငွေပြန်အမ်းပေးနိုင်ပါရန် ပ

28 Oct 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၂.၁၀.၂၀၂၂) ရက်နေ့နံနက်(၁၀;၀၀)နာရီကလပွတ္တာမြို့ ၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေး၊ ဈေးကော်မတီရုံး၌ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား   စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

13 Oct 2022

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ကွေ့ကြီးရပ်ကွက်၊ ရာပြည့်လမ်း၊ အမှတ်(၂ )လမ်းသွယ်တွင် နေထိုင်သော စားသုံးသူပြည်သူတစ်ဦးမှ xxxx ကုမ္ပဏီမှ  Fiber Internet ဝန်ဆောင်မှု ဝယ်ယူ သုံးစွဲခဲ့ရာ အင်တာနက်လိုင်းမကြာခဏပြတ်တောက်ခြင်းကြောင့်  ပြန်လည်ပြင်ဆင်ပေးရန် ကုမ္ပဏီသို့  အကြောင်းကြားခဲ့သော်လည်း အဆိုပါကုမ္ပဏီမှ စားသုံးသူကျေနပ်အောင် ဖြေရှင်းပေးနိုင်မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန Website Complain System  သို့ ဆက်သွယ် တိုင်ကြားလာပါသည်။

05 Oct 2022

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  စစ်ကိုင်း ခရိုင်ဦးစီးမှူး  ဒေါ်သန်းသန်းတင် ဦးဆောင်သော ဝန်ထမ်းများသည် စစ်ကိုင်းခရိုင်အတွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်း (၅)နှစ် နှင့်အောက်သက်တမ်းရှိသော ကုမ္ပဏီများအား မြေပြင်တွင် အမှန်တကယ်ရှိ/မရှိ စက်တင်ဘာလ (၁၄/၁၅/၁၆) ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages