ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
27 Jun 2025

     ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Sushi ဆိုင်တစ်ဆိုင်တွင် Sushi (၅) ပွဲမှာစားရာ Mayonnaise အား တစ်ပန်းကန်သာပေးသဖြင့် ထပ်မံ တောင်းခံရာတွင် ဆိုင်ဝန်ထမ်းမှ အနည်းဆုံးငွေကျပ် ၃၀၀၀/- ဖြင့် ဝယ်ယူရမည်ဟု ပြောကြားခဲ့ကြောင်း၊ ယခင်စားနေကြဖြစ်ပြီး ပုံမှန်အားဖြင့် မရိုးနစ်မှာ လိုသလို တောင်းခံနိုင်သည်ကို သိရှိထားသောကြောင့် ကျေနပ်မှုမရှိပါသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

06 Jun 2025

        (xxx) မြို့၊ (xxx) ကျေးရွာနေ ဦး(xxx)သည် (၂၆.၃.၂၀၂၅)ရက်နေ့တွင် ဟဲဟိုး-တာချီလိတ် ခရီးစဉ် အတွက် (xxx) အေဂျင်စီ၏ Viber ဖုန်းနံပါတ်(xxx)သို့ ဆက်သွယ်၍ အွန်လိုင်းမှတဆင့် လူ(၄)ဦးစာအတွက် လေယာဉ်လက်မှတ် ဝယ်ယူခဲ့ရာ (၁၀.၄.၂၀၂၅)ရက်နေ့တွင် (xxx) လေကြောင်း လိုင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် (၃၅၉၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄၃၆၀၀၀)ကျပ် အား Kpay နံပါတ်(xxx)သို့ ငွေပေးချေရမည်ဖြစ်ကြောင်း ပြန်ကြားလာ၍ (၂၅.၃.၂၀၂၅)ရက်နေ့တွင် စရန် ငွေ(၂)သိန်း၊ (၂၆.၃.၂၀၂၅)ရ

29 May 2025

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အီလက်ထရောနစ်ဆိုင် တစ်ခုထံမှ 25”TV တစ်လုံးအား ငွေကျပ် ၈၅၀,၀၀ဝ/-ဖြင့် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်း မကုန်ဆုံးမီ ပျက်စီးသွားသောကြောင့် ဆိုင်သို့ ပြုပြင်ရန် ပို့ဆောင်ပေးခဲ့ရာ (၃)လခန့်ကြာသည်အထိ ပြုပြင် ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

29 May 2025

     ရန်ကုန်တိုင်းဒေသကြီးရှိ ကားအရောင်းစင်တာအွန်လိုင်း Page တစ်ခုသည် Brand New Honda CR-V ယာဉ်များအား ဆိုရှယ်မီဒီယာမှတဆင့် ကြော်ငြာရောင်းချလျက်ရှိရာ EV ကား သာ တင်သွင်းခွင့်ပြုထားချိန်ဖြစ်သဖြင့် မှန်ကန်မှုရှိ/မရှိ စိစစ် အရေးယူဆောင်ရွက်ပေးရန် စားသုံးသူတစ်ဦးက အကြောင်းကြားလာပါသည်။

Pages