ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ ၇-၁-၂၀၂၃ ရက်နေ့တွင် ညောင်ရွှေရုံးတွင် Waybill အမှတ် MS xxxxx နံပါတ်ဖြင့် ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Sim Card (၀၉ xxxxxxx) နှင့် (၀၉ xxxxxxx) တို့အား စာချုပ် စာတမ်းဖြင့် ဝယ်ယူထားသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အပြီးဖျက်သိမ်းကြောင်း အကြောင်းကြားလာသဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင် ပါရန် တိုင်ကြားလာခြင်းအပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တိုင်ကြားမှုနှင့်ပတ်သက်၍ စိစစ်ချက်များ ပြုလုပ်ခဲ့ပြီးနောက် ဆက်သွယ်ရေးညွှန်ကြာ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးမှ (၁၀.၁၂.၂၀၂၂) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် (x x x) စတိုးမှ ကျောပိုးလွယ်အိတ်တစ်လုံးအား တန်ဘိုးကျပ်(၁၇၀၀၀)ဖြင့် ပေးချေ ဝယ်ယူခဲ့ပြီး အိမ်သို့ပြန်ရောက်ချိန်တွင် မိမိဝယ်ယူခဲ့သည့် ကျောပိုးအိတ်ထက်ပိုမို၍ တာရှည်ခံမည့် အိတ်အား ငွေကြေးအလိုက်ပေး၍ လဲလှယ်ဝယ်ယူလိုသောကြောင့် (၁၁.၁၂.၂၀၂၂) ရက်နေ့ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ဆိုင်သို့ထပ်မံသွားရောက်၍ ပြောကြားခဲ့ရာ ဆိုင်ရှင်နှင့် ဝန်ထမ်းများမှ မိမိတို့ဆိုင်သည်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်နေ တိုင်ကြားသူတစ်ဦးက အမှုန့်ကြိတ်စက်လုပ်ငန်းတစ်ခုမှ ညှော်နံ့နံခြင်းနှင့်အမှုန့်များလွင့်ခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်သဖြင့် ဖြေရှင်း ဆောင်ရွက်ပေးပါရန် တိုင်ကြားလာခြင်း ဖြစ်ပါသည်။ တိုင်ကြားမှု အပေါ် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၃.၁၀.၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံ ရသူတို့ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ အမှုန့်ကြိတ်စက်လုပ်ငန်းပိုင်ရှင်မှ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဆိုင်ကယ်ရောင်းချသည့် ကိုယ်စားလှယ်ထံမှ ဆိုင်ကယ်အရစ်ကျစနစ်ဖြင့် (၁)လလျှင် ၅၀,၀၀ဝိ/-ဖြင့် (၁၂)လ အကျေပေးသွင်းပြီး ဝယ်ယူခဲ့ရာ ဆိုင်ကယ်လိုင်စင် စာအုပ်မရရှိသောကြောင့် ကိုယ်စားလှယ်ထံသို့ (၃) ကြိမ်တိုင်တိုင် သွားရောက်ပြောဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် တိုင်ကြားလာခြင်း ဖြစ်ပါသည်။ တိုင်ကြားမှုအပေါ် တိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၆-၁၀-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ (ကိုယ်စားလှယ်)တို့
