Main menu

အိန္ဒိယနိုင်ငံ၌ ဝါဂွမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ယခင်နှစ် ဝါဂွမ်းဈေးနှုန်းသို့ မြင့်တက်ရောက်ရှိရန် မျှော်မှန်းပြီး သိုလှောင်ထားခဲ့ကြသော ဝါဂွမ်းများကို လယ်သမားများမှ ဈေးကွက်သို့ပို့ဆောင် ရောင်းချမှုများပြားလာသဖြင့် ဝါဂွမ်းဈေးနှုန်းများမှာ ၈% မှ ၁၂% အကြား အသီးသီးလျော့နည်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ရှိ ဝါဂွမ်းဘေထုပ်များ ဈေးကွက်အတွင်း ဝင်ရောက်မှုမှာ  ယခင်က တစ်ရက်လျှင် ပျမ်းမျှ ၂ဝဝဝဝ ထုပ်သာရှိခဲ့ရာမှ ၂ဝ၂၃ ခုနှစ် မေလတွင် ၅ ဆ မြင့်တက်ခဲ့ပြီး တစ်ရက်လျှင် ဝါဂွမ်းဘေထုပ် ၁ သိန်းအထိ ရောက်ရှိလာကြောင်း၊ MCX အိတ်ချိန်းဈေးကွက်၌ ဇွန်လအတွက် ချုပ်ဆိုသော ဝါဂွမ်းစာချုပ်များသည် မေလ ၂၂ ရက်နေ့တွင် ဈေးနှုန်း ၃.ဝ၅% ကျဆင်းခဲ့ကြောင်း၊ လက်ငင်း ကုန်သွယ်သောဈေးနှုန်းများမှာ မဟာရဋ္ဌပြည်နယ်တွင် ၃၅၆ ကီလို ဂရမ်ဝင် တစ်ကန်ဒီလျှင် ရူပီး ၆၂ဝဝဝ မှ ရူပီး ၅၇ဝဝဝ သို့ကျဆင်းခဲ့ကြောင်းနှင့် လယ်သမားများမှ ဝါးဂွမ်းအစေ့ထုတ် စက်ရုံများသို့ ရောင်းချသော အစေ့ပါဝါဂွမ်းကုန်ကြမ်းဈေးနှုန်းမှာ တစ်ကွင် တယ်လျှင် ရူပီး ၈ဝဝဝ မှ ရူပီး ၇ဝဝဝ - ၇၂ဝဝ သို့ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ 

Source: Economic Times, 23 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)