Languages

Main menu

ဘာစမာတီဆန်အတွက် စျေးကွက်ဝေစု ဆုံးရှုံးခဲ့သည့် အိန္ဒိယ၏ အခြေအနေ

Powered by Drupal

အိန္ဒိယသည် ကုန်ပစ္စည်းအတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း (MEP) ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဘာစမာတီဆန်သည် ၎င်း၏ ကမ္ဘာ့ဈေးကွက်ဝေစုကို စတင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းအမှုဆောင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

မကြာသေးမီက Turkiye တွင် ကျင်းပပြီးစီးခဲ့သည့် Istanbul အစားအသောက်ပြပွဲသည် ဘာစမာတီလုပ်ငန်းအတွက် အဓိကရည်မှန်းချက်တစ်ခုဖြစ်ပြီး  အိန္ဒိယကုမ္ပဏီတစ်ခုတည်းမှ မဟုတ်ဘဲ ဗဟိုအစိုးရမှ သတ်မှတ်ထားသော စံနှုန်းအတိုင်း အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြင့် ဘာစမာတီ သီးနှံအသစ်အတွက် အော်ဒါမှာယူနိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။

နိုင်ငံတကာမှ ဝယ်လက်များသည် အိန္ဒိယအစိုးရ၏ ညွှန်ကြားချက်များမထုတ်ပြန်မီ တင်ပို့ သည့် အမှာစာများအတွက် အစောပိုင်းသတ်မှတ်ထားသည့်စျေးနှုန်းအတိုင်း ပေးပို့နိုင်ရန် အိန္ဒိယ၏ ဘာစမာတီကုန်သွယ်မှုကိုလည်း ဖိအားပေးလျက်ရှိပြီး တင်ပို့ပြီးသော ပို့ကုန်များအတွက် ငွေပေးချေရမည်ဟု ပြောကြားခဲ့သည်။

Istanbul တွင် စက်တင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံတကာ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများပြပွဲတွင် အိန္ဒိယမှ ဘာစမာတီဆန် ကို ဝယ်ယူသူ မရှိခဲ့ကြောင်း All India Rice Exporters Association ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Vijay Setia ကပြောကြားခဲ့သည်။ အိန္ဒိယ၏ ဘာစမာတီဆန်ငါးမျိုးမှာ Pusa၊ Pusa ၁၄၀၁၊ Pusa ၁၁၂၁၊ Pusa ၁၅၀၉ နှင့် Pusa ၁၇၁၈ တို့ဖြစ်ပြီး ယခင်နှစ်တွင် ဘာစမာတီဆန်၏ ပျမ်းမျှ FOB ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၅၀ ဝန်းကျင်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် အမှာစာမရှိပါက ပို့ကုန်လုပ်ငန်းရှင်များသည်လည်း လယ်သမားများထံမှ ဆန်အမြောက်အများကို ဝယ်ယူခြင်း သို့မဟုတ် သိုလှောင်မှုတစ်ခု ဖန်တီးခြင်း ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သိရှိရပါသည်။

Source: Economic Times, Sep 12, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)