Languages

Main menu

၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် ဆန်ရောင်းချမှုများအပေါ် သက်ရောက်မှု ရှိလာနိုင် သည့် အယ်လ်နီညို

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံသည် ၂ဝ၂၄ ခုနှစ် ဒုတိယသုံးလပတ်မှစတင်၍ အယ်လ်နီညိုရာသီဥတုကြောင့် ဆန်ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှုဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဌာနက ပြောကြားခဲ့ပါသည်။ အယ်လ်နီညိုရာသီဥတုသည် ခြောက်သွေ့ရာသီတွင် စတင်ဖြစ်ပေါ် လာနိုင်ပြီး ၂ဝ၂၄ ခုနှစ်မတ်လတွင်အဆုံးသတ်မည်ဖြစ်သဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိကာလ၌ စပါးစတင်စိုက်ပျိုးနေပြီဖြစ်ရာ အခြားစိုက်ဧရိယာဒေသများတွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ရိတ်သိမ်းသွားရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးဌာနက ဖိလစ်ပိုင်နိုင်ငံတွင် ပုံမှန်လများတွင် မိုးရွာသွန်းမှုမှာ ပျမ်းမျှအောက်လျော့နည်းပါက ဆည်မြောင်းများတွင် ရေပေးဝေမှု ထိခိုက်နိုင်သည်ဟု ပြောကြားခဲ့ပါသည်။

လာမည့်ဇန်န၀ါရီလတွင် ခြောက်သွေ့သောနွေရာသီသို့ ဝင်ရောက်လာပြီဖြစ်သဖြင့် ခြောက်သွေ့ ရာသီကိုနှစ်သက်သည့် Luzon ဒေသ၊ အထူးသဖြင့် Luzon မြောက်ပိုင်းဒေသတို့ရှိ သီးပင်ပန်းပင်များကို စောင့်ကြည့်သွားရန်လိုအပ်ကြောင်း၊ အကြောင်းရင်းမှာ အဆိုပါဒေသများရှိ သရက်သီး၊ ကြက်သွန်နီ၊ ဆေးရွက်ကြီးနှင့် အခြားပန်းပင်သီးပင်များသည် သမိုင်းကြောင်းအရ ရေတွင် ကာလရှည်ကြာစွာနစ်မြုပ်နေပါက ပျက်စီးနိုင်သည်ကို တွေ့ရှိရကြောင်း စိုက်ပျိုးရေးဌာနက ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဌာန၏ အမျိုးသားဆည်မြောင်းအုပ်ချုပ်ရေးအဖွဲ့အစည်း ကနဦးအစီရင်ခံစာ တွင် ဖော်ပြချက်အရ ဖိလစ်ပိုင်နိုင်ငံ၏လယ်မြေ ၁၂၂ ဟက်တာတို့တွင် ရေပေးဝေမှု ပြတ်လပ် နိုင်ကြောင်း၊ အထူးသဖြင့် ဆန်နှင့်ပြောင်းသီးနှံတို့အပေါ် အများဆုံးအကျိုး သက်ရောက်မှုဖြစ်ပေါ် နိုင်ကြောင်းနှင့် အဆိုပါအရေးကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဌာနက အဖွဲ့အစည်း သို့ ဖြည့်စွက်ရန်ပုံငွေ ပီဆို ၄ဝ ဘီလီယံပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ရေထောက်ပံ့မှုရရှိခြင်းမရှိသောစိုက်ဧရိယာများတွင် ဆန်ကိုစိုက်ပျိုး သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရသည့်မဟာဗျူဟာမှာ မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်သည့်စပါး မျိုးများကို ဖြစ်ထွန်းလာစေရန်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် အပင်လုပ်ငန်းအဖွဲ့အစည်းမှ မှတ်ပုံတင်လက်မှတ်ရရှိထားသော ဆန်မျိုးကွဲပေါင်း ၃၈ မျိုးရှိကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင် နိုင်ငံတွက် ‌ရေပြတ်လပ်မှုကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသူများအနေဖြင့် အကူအညီပေးအပ်သည့် လူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနနှင့် အလုပ်သမားနှင့် အလုပ်အကိုင်ဦးစီးဌာနတို့ကဲ့သို့ သော အဖွဲ့အစည်း သို့မဟုတ် အစီအစဉ်များတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။

Source: CNN Philippines, September 26, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)