Languages

Main menu

ဗီယက်နမ်နိုင်ငံ၏ ဩဂုတ်လအတွင်း ဓာတ်မြေဩဇာတင်သွင်းမှုမှာ လွန်ခဲ့သော ၂ နှစ်ကျော် ကာလအတွင်း အမြင့်မားဆုံးဖြစ်ခဲ့

Powered by Drupal

ဗီယက်နမ်၊ အထွေထွေအကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ဩဂုတ်လအတွင်း ဓာတ် မြေဩဇာတင်သွင်းမှုပမာဏမှာ လွန်ခဲ့သော ၂ နှစ်ကာလကျော်ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းများမှာလည်း ယခင်နှစ်ကတည်းက ကျဆင်းခဲ့ကြောင်း၊ ဩဂုတ်လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၅၉ သန်းတန်ဖိုးရှိသော ဓာတ်မြေဩဇာတန်ချိန် ၄၇၂,၂၈၃ ပမာဏကျော်ကျော် တင်သွင်းခဲ့သဖြင့် ဇူလိုင်လထက် တင်သွင်းမှုပမာဏမှာ ၅၄ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၈၅ ရာခိုင်နှုန်းအထိ တိုးတက်တင်သွင်းခဲ့ကြောင်းနှင့် အဆိုပါတင်သွင်းမှုပမာဏမှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်မားဆုံးတင်သွင်းမှုဖြစ်ကြောင်းဖြင့် Vietnam News သတင်းတွင် ဖော်ပြထားပါသည်။

ဓာတ်မြေဩဇာဈေးနှုန်းများမှာ ၂ဝ၂၃ ခုနှစ် ဩဂုတ်လတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၃၃၈ ဖြင့် လအလိုက် ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း နှစ်အလိုက် ၂၆ ရာခိုင်နှုန်း အောက် လျော့နည်းကျဆင်းခဲ့ကြောင်း၊ ဩဂုတ်လအကုန်တွင် တင်သွင်းမှုပမာဏမှာ တန်ချိန် ၂.၅ သန်းအထိ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ကန်ဒေါ်လာ ၈၃၃ သန်းအထိ နှစ်အလိုက်တန်ဖိုး ၁၉ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း၊ ဖော်ပြပါကာလတွင် တင်သွင်းခဲ့သည့် ဓာတ်မြေဩဇာ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၄၇ သန်းဖြင့် ယခင်နှစ်ထက် ၂၅ ရာခိုင် နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ တရုတ်နိုင်ငံသည် ဗီယက်နမ်အတွက် အဓိကဓာတ် မြေဩဇာတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း၊ အကြမ်းဖျဉ်းအားဖြင့် တင်သွင်းခဲ့သည့်ဓာတ်မြေဩဇာ၏ ထက်ဝက်ကျော်ကျော်ကို တရုတ်နိုင်ငံမှတင်သွင်းခဲ့ပြီး တန်ချိန်အားဖြင့် ၁.၂ သန်းကျော်နှင့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၇၅ သန်းရှိကြောင်း၊ နှစ်အလိုက် တန်ချိန်ပမာဏအားဖြင့် ၁၅ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၄ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှတင်သွင်းမှုသည် ဒုတိယအကြီးမားဆုံးတင်သွင်းမှုဖြစ်၍ တန်ချိန်အားဖြင့် ဓာတ်မြေဩဇာ ၂၂၅, ဝဝဝ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၁ သန်းဖိုးရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Vietnam News, September 20, 2023. (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)