Languages

Main menu

ဘန်ဂလိုဒေသထွက် ကြက်သွန်နီ တင်ပို့မှုအပေါ် အိန္ဒိယအစိုးရက အခွန်ကင်းလွတ်ခွင့်ပြု

Powered by Drupal

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုနှင့်စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ဘန်ဂလိုဒေသမှထွက်ရှိသော ကြက်သွန်နီအား တင်ပို့ခြင်းဖြစ်ပါက အဆိုပါ ဒေသထွက် ကြက်သွန်နီအမျိုးအစားနှင့် အရည်အသွေးတို့ကို စစ်ဆေးအတည်ပြုသည့် ပြည်နယ်ဥယျာဉ်ခြံမြေကော်မရှင်နာ၏ အသိအမှတ်ပြုလက်မှတ်ကို ပြသနိုင်လျှင် ပို့ကုန်အခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း ၂၉-၉-၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ကြက်သွန်နီများ ဖူလုံမှုရှိပြီး ဈေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်းရန်အတွက် သြဂုတ်လတွင် မည်သည့်ကြက်သွန်နီအမျိုးအစားမဆို တင်ပို့မှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကို ကောက်ခံရန်ချမှတ်ခဲ့သည်။ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာန၏ အချက် အလက်များအရ ပြည်တွင်း၌ လက်ရှိ ကြက်သွန်နီပျမ်းမျှဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၃၃.၅၃ ရူပီးနှုန်း ရှိကြောင်း သိရပါသည်။

ဗဟိုအစိုးရအနေဖြင့် ယခင် အရန်ရိက္ခာဝယ်ယူမှုစံချိန်များကို ကျော်လွန်လျက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြက်သွန်နီတန်ချိန် ၂.၅ သိန်းကို ဝယ်ယူသိုလှောင်နိုင်ခဲ့သော်လည်း ယခုနှစ်နွေရာသီ အပူချိန်လွန်ကဲမှုကြောင့် အရည်အသွေးညံ့သော ကြက်သွန်နီများ များပြားလာခဲ့သဖြင့် အရည် အသွေးကောင်းမွန်သော ကြက်သွန်နီများ၏ ဈေးနှုန်းများမှာ မြင့်တက်လာခဲ့ပါသည်။ ထို့အပြင် တစ်ချိန်တည်းမှာပင် ကြက်သွန်နီတင်ပို့မှုများသည် ၂၀၂၂-၂၀၂၃ ခုနှစ် အတွင်း တန်ချိန် ၂၄.၂၅ သိန်းဖြင့် ၆ နှစ်ကာလအတွင်း ၆၄ ရာခိုင်နှုန်းအထိ ပမာဏများပြားလာခဲ့ကြောင်း သိရပါသည်။

Source: Economic Times, 29 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)