Languages

Main menu

အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုကြောင့် ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီဈေးနှုန်း မြင့်တက်လာနိုင်

Powered by Drupal

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ဆီအုန်းအထွက်နှုန်း လျော့နည်းနိုင်ကြောင်း ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) ၏ စျေးနှုန်းများ သည် ပျမ်းမျှအားဖြင့် ယခုနှစ်ထက် အနည်းဆုံး ၁၁ ရာခိုင်နှုန်း ပိုများနိုင်ချေရှိကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) က စက်တင်ဘာလ ၂၈ ရက်နေ့၊ ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။

ယခုနှစ်တွင် CIF စရိတ်များအပါအဝင် CPO ပျမ်းမျှစျေးနှုန်းများသည် မက်ထရစ်တစ်တန် လျှင်  အမေရိကန်ဒေါ်လာ ၉၀၀ ခန့်ရှိရာမှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀ အထိ မြင့် တက်နိုင်ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထိခိုက်ခဲ့သော နေကြာဆီကဲ့သို့ ပြိုင်ဖက် ဆီများနှင့် စားအုန်းဆီတို့၏ ရောင်းလိုအားလျော့ကျခြင်းသည် စားအုန်းဆီအပါအဝင် ဟင်းသီး ဟင်းရွက်ဆီများ၏ စျေးနှုန်းများကို အထောက်အကူဖြစ်စေကြောင်းဖြင့် GAPKI အသင်း၏ ပြည်ပရေးရာဌာနခွဲ၊ အကြီးအကဲ Fadhil Hasan က ပြောကြားခဲ့သည်။

ကိတ်မုန့်မှအစ ခေါင်းလျှော်ရည်နှင့် သန့်ရှင်းရေးသုံးပစ္စည်းများအထိ အသုံးပြုလျက်ရှိသော စားအုန်းဆီသည် အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှား၊ ယူကရိန်းနှင့် ကနေဒါနိုင်ငံတို့မှ အဓိကထုတ်လုပ် သည့် ပဲပုပ်ဆီ၊ နေကြာဆီနှင့် မုန်ညှင်းဆီ (Rapeseed-Canola Oil) တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ ပါသည်။

၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ CPO ထုတ်လုပ်မှုသည် ယခင်နှစ်၏ထုတ်လုပ်မှု တန် ချိန် ၄၆.၇ သန်းထက် တန်ချိန် ၁ သန်းခန့် မြင့်တက်လာနိုင်ကြောင်း၊ အယ်လ်နီညိုရာသီဥတုပုံစံ၏ ပြင်းထန်မှုအခြေအနေအပေါ်မူတည်၍ ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှုကျဆင်းနိုင်ကြောင်း၊  အယ်လ် နီညို၏ သက်ရောက်မှုကို မြင်တွေ့နေရပြီဖြစ်ကြောင်း၊ အပူချိန်မှာ မြင့်တက်နေပြီး ရာသီဥတုက အရမ်းခြောက်သွေ့နေပြီဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ဆီအုန်းထုတ်လုပ်မှုအပေါ် အမှန်တကယ် သက်ရောက်မှုများကို မြင်တွေ့ရတော့မည်ဖြစ်ကြောင်းဖြင့် Hasan က ပြောကြားခဲ့သည်။

အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာကို ပူနွေးစေခြင်းဖြစ်၍ သက်ရောက်မှုများအရ အာရှ ဒေသများကို ပို၍ခြောက်သွေ့စေသော အခြေအနေများကြောင့် ဆီအုန်း၊ ဆန်နှင့် ဂျုံကဲ့သို့သော တချို့သီးနှံများ၏ အထွက်နှုန်းကို လျော့ကျစေပါသည်။ အယ်နီညိုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် မိုးရေချိန် လျော့ကျနေသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး ဆီအုန်းထုတ်လုပ်သူ မလေးရှားတွင် အကျိုးသက်ရောက်မှုမှာ နည်းပါးနိုင်ပြီး လာမည့်နှစ်တွင် အထွက်နှုန်းတိုးတက်လာနိုင်ကြောင်း မလေးရှားနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရပါသည်။

Source: The Edge Malaysia, 28 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)