Languages

Main menu

မလေးရှားနိုင်ငံ၏ ဆီအုန်းထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် တိုးတက်လာနိုင်

Powered by Drupal

ဆီအုန်းစိုက်ခင်းများ ရိတ်သိမ်းခြင်းအတွက် အစေ့အဆန်များရင့်မှည့်လာခြင်းနှင့် လုပ်သား အင်အားလုံလောက်ခြင်းတို့ကြောင့် အယ်နီညိုရာသီဥတု၏သက်ရောက်မှုဒဏ်များကို လျော့ပါးစေ မည်ဖြစ်သဖြင့် မလေးရှားစားအုန်းဆီထုတ်လုပ်မှုသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု တိုးတက်လာနိုင်ဖွယ်ရှိကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က စက်တင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယခင် ၂၀၁၆ ခုနှစ်၏ အယ်လ်နီညိုဖြစ်စဉ်ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံပြီးနောက် ကမ္ဘာ့ အကြီးဆုံးစားအုန်းဆီထုတ်လုပ်သူဖြစ်သည့် မလေးရှားနိုင်ငံတွင် ထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်း ကျ ဆင်းသွားခဲ့သော်လည်း ယခု ၂၀၂၃ ခုနှစ်၊ အယ်လ်နီညို၏ သက်ရောက်မှုမှာ ယခုအချိန်အထိ ပြင်း ထန်ခြင်းမရှိသေးကြောင်း၊ လုပ်သားအင်အား ပိုမိုရရှိနိုင်မှုကြောင့် ဆီအုန်းနယ်မြေအသစ်များ၏ တချို့နေရာများတွင် စတင်ရိတ်သိမ်းမှုများ စတင်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၏ ဆီအုန်းထုတ်လုပ်မှုသည် ယခုနှစ်ထက် ပိုမိုတိုးတက်အားကောင်းလာမည်ဖြစ်ပါကြောင်းဖြင့် MPOB မှ ညွှန်ကြားရေးမှူးချုပ် Ahmad Parveez Ghulam Kadir က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၌ ဆီအုန်းထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန်  ၁ သန်းမှ ၃ သန်း အကြား ကျဆင်းနိုင်မည်ဟု ပြီးခဲ့သောမေလအတွင်း MPOB ၏ ကနဦးခန့်မှန်းချက်နှင့် ဆန့်ကျင်လျက် ယခုကဲ့သို့ ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း သီးနှံအထွက်များဆုံးရာသီတွင် လုပ်သားအင်အား ရှားပါးခဲ့မှုကြောင့် ကုမ္ပဏီများ၏ ဆီအုန်းရိတ်သိမ်းမှုမှာ အခက်အခဲဖြစ်ပေါ်လျက် သုံးနှစ်ဆက် တိုက်အဖြစ် သီးနှံ တန်ချိန်ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည်။

မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ယခင်နှစ်က တန်ချိန် ၁၈.၄၅ သန်းရှိ ရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၉ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း Ahmad Parveez က ပြောကြားခဲ့သည်။ သို့သော် တင်ပို့မှု ပြားလာခဲ့ခြင်းကြောင့် ယခုနှစ်ကုန်၏ လက်ကျန် ပမာဏသည် ယခင်နှစ် လက်ကျန်အတိုင်း တန်ချိန် ၂.၂ သန်းခန့် ရှိနိုင်ကြောင်း၊ တင်ပို့မှုမှာ ယခင်နှစ် တန်ချိန် ၁၅.၇ သန်းမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၆ ဒသမ ၃ သန်းအထိ တိုးတက် လာနိုင်ကြောင်း ခန့်မှန်းထားသည်။

Source: Malay Mail, 28 Sept 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)