ဗီယက်နမ်နိုင်ငံကဲ့သို့သော ပြိုင်ဖက်နိုင်ငံများမှ ဆန်ဈေးနှုန်းများမှာ မြင့်မားလျက်ရှိရာ ထိုင်းဆန်တင်ပို့သူများအသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တင်ပို့ရန် လျာထားချက်ကို တန်ချိန် ၈.၅ သန်း သို့ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းဆန်တင်ပို့သူများအသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ၁၅-၁၁-၂၀၂၃ နေ့၌ ရိုက်တာသတင်းထောက်သို့ ပြောကြားရာတွင် ဗီယက်နမ်ဆန်၏ ဈေးနှုန်းများမှာ မြင့်မားလျက်ရှိရာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့ ဝယ်လက်နိုင်ငံများသည် ထိုင်းဆန်များကို ပိုမိုမှာယူလာကြကြောင်း၊ ဗီယက်နမ်ဆန် ၁ တန်လျှင် ဒေါ်လာ ၆၃၀ ခန့်ရှိနေချိန်၌ ထိုင်းဆန် ၁ တန်၏ ဈေးနှုန်းမှာ ဒေါ်လာ ၅၅၀ မှ ၅၅၅ ခန့်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် အကန့်အသတ် ဖြင့်သာ သက်ရောက်မှုရှိကြောင်း၊ ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ စပါးတန်ချိန် ၃၃ သန်းမှ ၃၄ သန်း အတွင်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ကထက် တန်ချိန် ၂ သန်းခန့် ပိုမိုမည်ဟု မျှော်မှန်းထားခြင်းဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံ၏နောက်တွင် ဒုတိယမြောက် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ဖြစ်ပြီး ယခုနှစ်၌ ဆန်တန်ချိန် ၈ သန်းခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက အစောပိုင်း ကာလများတွင် ခန့်မှန်းထားခဲ့သည်။
Source: Bangkok Post, 15 Nov 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
ဆန်တန်ချိန် ၈.၅ သန်းအထိ တိုးမြှင့်တင်ပို့မည်ဟု ထိုင်းကုန်သည်အသင်းပြောကြား
Powered by Drupal