ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၃ ခုနှစ် တတိယသုံးလပတ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယသုံးလပတ်ထုတ်လုပ်မှု တန်ချိန် ၅.၀၃ သန်းအပေါ် ၀.၄% တိုးတက်လျက် တန်ချိန် ၅.၀၄ သန်း ထွက်ရှိခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင် အဖွဲ့က ပြောကြားခဲ့ပါသည်။
အဆိုပါ စပါးထွက်ရှိမှုပမာဏသည် ယခင်က ကနဦးခန့်မှန်းခဲ့သော တန်ချိန် ၃.၇၉ သန်း ထက် ၃၂.၈% မြင့်မားခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူ၌ ထုတ်လုပ်မှု စပါးတန်ချိန် ၄.၉ သန်းနှင့် နှိုင်းယှဉ်ပါက ၁.၀% တိုးတက်မှုရရှိခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ယခုနှစ်တွင် စပါးစိုက်ပျိုးထွက်ရှိမှု တိုးတက်မည်ဟု မျှော်မှန်းထားရာ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒုတိယအတွင်းဝန် Leocadio Sebastian က ၂၀၂၂ ခုနှစ်၌ ထုတ်လုပ်နိုင်ခဲ့သော စပါးတန်ချိန် ၁၉.၇ သန်းအပေါ် ၁.၅% တိုးတက်လျက် ၂၀၂၃ ခုနှစ်တွင် စပါးတန်ချိန်ပေါင်း သန်း ၂၀ အထိ ထွက်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၁ ခုနှစ် စပါးထွက်ရှိမှုမှာ တန်ချိန် ၁၉.၉၆ သန်းဖြင့် အမြင့်ဆုံး စံချိန်တင်ထားကြောင်း သိရှိရသည်။
လယ်သမားများ၏ စပါးရောင်းချရမှု ဈေးနှုန်းများမှာ ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၂၀.၂၄ ပေါက်ဈေးရှိနေပြီး ယခင်သုံးလပတ်၌ ရရှိခဲ့သော စပါးဈေး ၁ ကီလိုဂရမ်လျှင် ၁၈.၇၆ ပီဆိုနှုန်း ထက် ၇.၉% မြင့်တက်လာခဲ့သည်။ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်း ၁ ကီလို ဂရမ်လျှင် ၁၇.၃၁ ပီဆိုနှင့် နှိုင်းယှဉ်ပါက လက်ရှိဈေးနှုန်းသည် ၁၆.၉% ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ် သည်။
စပါးစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ က ရည်ညွှန်းဈေးနှုန်းအသစ်ကို ထုတ်ပြန်ထားရှိရာ ခြောက်သွေ့သည့် စပါး ၁ ကီလိုဂရမ်လျှင် ၁၉ ပီဆိုမှ ၂၃ ပီဆိုအကြားနှင့် စပါးအစို ၁ ကီလိုဂရမ်လျှင် ၁၆ ပီဆိုမှ ၁၉ ပီဆိုအကြားဖြစ်ကြောင်း၊ အချို့သော ဆန်စက်ပိုင်ရှင်များနှင့် ကုန်သည်များသည် အသစ်ရိတ်သိမ်းထွက်ရှိလာသော စပါးအစိုများအား ၁ ကီလိုဂရမ်လျှင် ၂၁ ပီဆိုမှ ၂၃.၅၀ ပီဆိုနှုန်းအထိလည်းကောင်း၊ ခြောက်သွေ့ပြီးသည့် စပါးကို ၁ ကီလိုဂရမ်လျှင် ၂၆ ပီဆိုမှ ၂၉ ပီဆိုအထိ ဈေးနှုန်းဖြင့်လည်းကောင်း တိုးမြှင့် ဝယ်ယူ လျက်ရှိကြောင်း Manila Times သတင်းဌာနက ဖော်ပြပါသည်။
Source: Manila Times, 14 Nov 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
ယခုနှစ် တတိယသုံးလပတ်၌ ဖိလစ်ပိုင်၏ စပါးထွက်ရှိမှု တိုးတက်
Powered by Drupal