Leave a message

Main menu

ဥရောပဈေးကွက်သို့ သီဟိုဠ်စေ့ ပေးသွင်းရန် ကမ္ဘောဒီးယား MoU ရေးထိုး

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ကဏ္ဍကို မြှင့်တင်ရန်အတွက် ဥရောပဈေးကွက်တွင် သရေစာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီဖြစ်သော Intersnack လုပ်ငန်းအုပ်စုသည် ကမ္ဘော ဒီးယား စိုက်ပျိုးရေးသမဝါယမ ကော်ပိုရေးရှင်း (CACC) ထံမှ သီဟိုဠ်စေ့ အဆန်ခြောက် ထုတ်ကုန် များကို ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရပါသည်။

      ပြည်ပနိုင်ငံများသို့ ကမ္ဘောဒီးယား သီဟိုဠ်စေ့ တင်ပို့မှုအား မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ကမ္ဘောဒီးယား စိုက်ပျိုးရေးသမဝါယမ ကော်ပိုရေးရှင်း (CACC)၊ စင်ကာပူအခြေစိုက် Intersnack နှင့် Preah Vihear ပြည်နယ်မှ စိုက်ပျိုးရေးသမဝါယမအသင်းတို့အကြား သီဟိုဠ်စေ့ အဆန်ခြောက် ပေးသွင်းခြင်းဆိုင်ရာ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ တစ်စောင်ကို ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း လက်မှတ်ရေးထိုးခဲ့ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

       အဆိုပါ နားလည်မှုစာချွန်လွှာအရ လယ်သမားများသည် ကုန်ထုတ်လုပ်သူများ အဖြစ် လည်းကောင်း၊ CACC ကော်ပိုရေးရှင်းသည် အခြောက်ခံခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ ခြင်းဆိုင်ရာ လုပ်ငန်းရပ်များအား ညှိနှိုင်းဆောင်ရွက်သူအဖြစ်လည်းကောင်း၊ Intersnack သည် CACC ထံမှ သီဟိုဠ်စေ့ထွက်ကုန်များကို ဝယ်ယူသူအဖြစ်လည်းကောင်း ပါဝင်မည်ဖြစ်သည်။ အဆို ပါ MoU သည် သီဟိုဠ်စေ့ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ကွက်ငယ် တောင်သူပေါင်း ၂၀၀၀ ခန့် အတွက် တည်ငြိမ်မှုရှိသော စျေးကွက်တစ်ရပ်ကို ပံ့ပိုးပေးခြင်းသာမက နိုင်ငံတကာဈေးကွက်၌ ကမ္ဘောဒီးယား သီဟိုဠ်စေ့အဆန်များ၏ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် အကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း ၉-၂-၂၀၂၄ ရက်နေ့၌ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    CACC နှင့် Preach Vihear ပြည်နယ် စိုက်ပျိုးရေးသမဝါယမအသင်းတို့သည် အကျိုးတူ လယ်ယာစနစ်ဖြင့် သီဟိုဠ်စေ့အဆန် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက်ကိုလည်း သီး ခြား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုသို့ စာချုပ်ချုပ်ဆိုမှုသည် Preah Vihear ပြည်နယ်ရှိ ခရိုင် ၃ ခု ဖြစ်သော Rovieng ၊ Chey Senနှင့် Choam Ksant တို့မှ စိုက်ပျိုးရေး သမဝါယမအသင်းများ အတွက် သီဟိုဠ်စေ့ကုန်ကြမ်းနှင့် သီဟိုဠ်စေ့အဆန်ခြောက် စုစုပေါင်းတန်ချိန် ၁၇၀၀ အထိ ထုတ် လုပ် ပေးသွင်းနိုင်မည့် အကျိုးခံစားခွင့် ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ သီဟိုဠ်စေ့ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းအစုအဖွဲများ အားလုံးကို Preah Vihear ပြည်နယ်ရှိ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဦးစီးဌာနက တည်ထောင်ခဲ့ပြီး စီမံခန့်ခွဲလျက်ရှိ ကြောင်း၊ စိုက်ပျိုးရေးသမဝါယမ အသင်းအဖွဲ့များအား ဂျပန်နိုင်ငံမှ ရန်ပုံငွေအဖွဲ့အစည်း တစ်ခု ဖြစ်သော International Volunteers of Yamagata က ၂၀၁၆ ခုနှစ်မှစတင်၍ ပံ့ပိုးကူညီမှု ပြုခဲ့ ကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ်၌ သီဟိုဠ်စေ့အဆန် ကုန်ကြမ်း ၄၂၅၉၇၇ တန်ကို တင်ပို့နိုင်ခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်ပါက ၉.၉% ကျဆင်းခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ တောင်သူများ၏ မျှော်လင့်ချက်များအား ဖြည့် ဆည်းပေးမည့် တန်ဖိုးမြင့် သီဟိုဠ်စေ့ထုတ်ကုန်များ ထုတ်လုပ်မှုတိုးတက်လာစေရန် ရည်ရွယ် လျက် အစိုးရက အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ (၂၀၂၂-၂၀၂၇) ကို ချမှတ်ထားကြောင်း သိရသည်။

Source: Khmer Times, 12 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

a