Main menu

ဆန်မျိုးကွဲအချို့အတွက် HSN codes အသစ်များ တီထွင်ရန် အိန္ဒိယကြိုးပမ်း

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ပြည်သူများ အစဉ်အလာအားဖြင့် စားသုံးလေ့မရှိသော ဆန်မျိုးကွဲအချို့ကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ပြီး စားသောက် ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဆန်နီ (Red Rice)၊ ငချိတ်ဆန် (Black Rice) နှင့် ကာလာနာမက်ဆန် (Kalanamak Rice) ဟုခေါ်ဆိုသည့် စပါးခွံ အမည်းဆန် ကဲ့သို့သော ပထဝီ ကုန်အညွှန်းအမှတ်အသား (GI) များရှိသည့် ဆန်မျိုးကွဲများအတွက် သီးခြား HSN codes များကို တီထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနမှ တွဲဖက်အတွင်းဝန် Rajesh Agarwal က ပြည်တွင်း၌ ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲပေါင်း ၄ဝ မှ ၅ဝ ခန့်ရှိကြောင်း၊ အစိုးရက ဆန်တင်ပို့မှုကို ပိတ် ပင်ချိန်၌ Sona Masuri ၊ Govind Bhog နှင့် Kalanamak သို့မဟုတ် ဘာစမာတီမဟုတ်သော သာမန်ဆန်ဖြူ တို့ကဲ့သို့သော ဆန်မျိုးကွဲများ အားလုံးအပေါ် အကျိုးသက်ရောက်မှုဖြစ်စေခဲ့ ကြောင်း၊ ဆန်မျိုးကွဲအချို့အတွက် HSN code အသစ်တီထွင်သတ်မှတ်ရန် ဆောင်ရွက်ရခြင်းမှာ ဆန်လုပ်ငန်းနယ်ပယ်၏ တောင်းဆိုမှုကြောင့်ဖြစ်ပြီး သက်ဆိုင်သူများအားလုံးများနှင့် အသေးစိတ် ဆွေးနွေးပြီးပါက အဆိုပါကိစ္စအတွက် ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်း၊  နိုင်ငံအတွင်း အဓိကစားသုံးသည့် သာမန်ဆန်မျိုးကွဲများကို လယ်သမားများက ဆက်လက်ထုတ်လုပ်စေရန် မက်လုံးများပေး၍ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

    လက်ရှိကာလ၌ အိန္ဒိယနိုင်ငံတွင် ဘာစမာတီမဟုတ်သောဆန်အတွက် HSN codes ၆ မျိုး နှင့် ဘာစမာတီဆန်အတွက် HSN code ၁ မျိုးရှိကြောင်း သိရှိရပါသည်။ ၂ဝ၂၄ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ၏ဆန်တင်ပို့မှုအပေါ် ပင်လယ်နီအကျပ်အတည်းရိုက်ခတ်မည်ဟု ခန့်မှန်းရသဖြင့် ယခုကဲ့သို့ ဆောင်ရွက်မှုသည့် အရေးပါလာခြင်းဖြစ်ပါသည်။

    အစိုးရက ဆန်၊ သကြားနှင့် ဂျုံတို့တင်ပို့မှုအပေါ် ကန့်သတ်ပိတ်ပင်ခဲ့သဖြင့် အိန္ဒိယ၏ လယ်ယာထွက်ကုန် တင်ပို့မှုမှာ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်၌ အိန္ဒိယ နိုင်ငံသည် ဆန်တန်ချိန် ၂၂ သန်းတင်ပို့ခဲ့ပြီး ယခုနှစ်တွင်မူ ဆန်တင်ပို့ရန် ပိုလျှံမှုရှိ/မရှိ သေချာ ရေရာမှုမရှိသဖြင့်  ဘာစမာတီမဟုတ်သောဆန်ကို တင်ပို့သွားမည်မဟုတ်ကြောင်း သိရှိရပါသည်။

Source: Economic Times, 13 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)