Main menu

တန်ဇန်နီးယားသို့ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၃ဝဝဝဝ အိန္ဒိယအစိုးရက တင်ပို့ခွင့်ပြု

Powered by Drupal

     အိန္ဒိယနိုင်ငံအစိုးရသည် တန်ဇန်နီးယားနိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန်ဖြူ တန်ချိန် ၃ဝဝဝဝ နှင့် ဂျီဗိုတီနှင့် ဂီနီယာဘစ်ဆောနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၈ဝဝဝဝ တို့ကို အမျိုးသားပို့ကုန်များ သမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) မှတစ်ဆင့် တင်ပို့ခွင့်ပြုကြောင်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁-၃-၂၀၂၄ ရက်နေ့တွင်  အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

     အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်အရောင်းမြှင့်တင်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့မှစတင်၍ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့သော်လည်း အချို့ နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှုအတွက် လိုအပ်ချက်အပေါ် တောင်းဆိုမှုများအရ အစိုးရ၏ ခွင့်ပြု ချက်ဖြင့် တင်ပို့လျက်ရှိပါသည်။

    အဆိုပါအမိန့်ကြော်ငြာစာတွင် ဖော်ပြချက်အရ အာဖရိကအရှေ့မြောက်ကမ်းရိုးတန်းပေါ်ရှိ ဂျီဗိုတီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃ဝဝဝဝ နှင့် အနောက်အာဖရိကဒေသရှိ ဂီနီယာဘစ်ဆောနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅ဝဝဝဝ တင်ပို့ခွင့်ပြုခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် အစောပိုင်းကာလတွင် နီပေါ၊ ကင်မရွန်၊ ကို့ဒီအိုင်ဗိုရီ၊ ဂီနီယာ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဆေရှဲလ်နိုင်ငံများသို့လည်း ဆန်တင်ပို့ ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: Economic Times, March 04, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)