(၃)ပတ်တာကျင်းပခဲ့သည့်ဆွမ်ခရမ်ပွဲတော်ကို နိုင်ငံခြားသားခရီးသွား (၁.၉)သန်း လာရောက် လည်ပတ်ခဲ့ကြပီး ခရီးသွားကဏ္ဍမှဝင်ငွေဘတ်(၁၄၀)ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန အဆိုအရသိရပါသည်။ ဧပရယ်(၁)ရက် နေ့မှ (၂၁) ရက်နေ့ထိ၂၁ရက်ကြာကျင်းပခဲ့သည့်ပွဲတော်မှ ဘတ်(၁၄၀) ဘီလီယံ ရရှိခဲ့ခြင်း သည်မူလခန့်မှန်းထားသည့် ဘတ်(၁၃၂) ဘီလီယံ ကိုကျော် လွန်ခဲ့ခြင်း ဖြစ်ကြောင်း ခရီးသွား လာရေးနှင့် အားကစားဝန်ကြီး Sudawan Wangsupakitkosol က ၂၄.၄.၂၀၂၄ ကပြောကြား ခဲ့ပါသည်။ တည်းခိုနေထိုင်ခြင်းကဏ္ဍမှ ဘတ်(၄၂.၀၆)ဘီလီယံ၊ အစားအသောက်နှင့် အဖျော် ယမကာမှ ဘတ်(၃၃.၀၆)ဘီလီယံ၊ လူသုံး ကုန်ပစ္စည်းနှင့်အမှတ်တရပစ္စည်းရောင်းချခြင်းမှ ဘတ်(၂၆.၈၃) ဘီလီယံ၊ ခရီးသွားလာခြင်းမှ ဘတ်(၁၅.၅၀)ဘီလီယံ၊ ဖျော်ဖြေရေးမှ ဘတ်(၁၄.၇၅)ဘီလီယံ၊ ခရီးသွားဝန်ဆောင်မှုမှဘတ်(၅.၈၆)ဘီလီယံနှင့် အခြားသုံးစွဲငွေ ဘတ်(၂.၂၃)ဘီလီယံ ရှိကြောင်း သိရှိရပါသည်။ ပွဲတော်ကိုနိုင်ငံခြားသားခရီးသွားများအပြင် ထိုင်းနိုင်ငံသား မြောက်များစွာကလည်း နိုင်ငံအနှံ့ခရီးသွားလာြကကာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံခြားသားခရီးသွားများလာရောက်လည်ပတ်မှုမြင့်တက်လာစေရန်အတွက် ထိုင်းနိုင်ငံအစိုးရက ဗီဇာကင်းလွတ်ခွင့်များနှင့် ပြည်တွင်းဝင်ရောက်ခွင့်အချက်တစ်ချို့ကို ပယ်ဖျတ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ အများဆုံးလာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား များမှာ တရုတ်၊ မလေးရှား၊အိန္ဒိယ၊ရုရှား၊တောင်ကိုရီးယား၊လာအို၊ဗြိတိန်၊ထိုင်ဝမ်၊အမေရိကန် နှင့်အင်ဒိုနီးရှားနိုင်ငံတို့မှဖြစ်ကြောင်း သိရပါသည်။ ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံသား (၁၃၈၉၇၉၈၈) ဦး နိုင်ငံအနှံ့ခရီးသွားလာလည်ပတ်ခဲ့ကြပီး ထိုမှတစ်ဆင့် ဘတ်(၅၀.၁၂) ဘီလီယံ ရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံပြည်သူ့ရင်ပြင် Sanam Luang တွင်လည်း မဟာဆွမ်ခရန် ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၄ ကိုကျင်းပခဲ့ပြီး လူပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ ကြကာ အဆိုပါ ပွဲတော်သည် နိုင်ငံခြားသားခရီးသွားများကို အဓိကဆွဲဆောင် စေခဲ့ကြောင်း သိရပါသည်။
Source; Bangkok Post မြသူ(DOCA-YGN)