Main menu

ဖိလစ်ပိုင်နိုင်ငံ၌ ဧပြီလ ဆန်လက်ကျန် ၁၁% ခန့်ကျဆင်း

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်မှာ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၁.၆၄ သန်းရှိပြီး ယခင်နှစ် ကာလတူရှိ လက်ကျန်တန်ချိန် ၁.၈၄ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၉% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ၈-၅-၂၀၂၄ နေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။ လအလိုက် နှိုင်းယှဉ်ရာတွင်မူ အဆိုပါပမာဏသည် ယခင်လရှိ ဆန်လက်ကျန် တန်ချိန် ၁.၃၇ သန်းထက် ၂၀.၂% မြင့်တက်လာခဲ့သည်။

      အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) လက်ဝယ်၌ ဆန်တန်ချိန် ၄၁၅၆၀ တန်ရှိရာ ယခင်နှစ် ကာလတူ၌ သိုလှောင်ထားရှိခဲ့သော ဆန်တန်ချိန် ၉၉၀၃၀ တန်အပေါ် ၅၈% ကျဆင်းခဲ့ သည်။ သို့သော်လည်း မတ်လရှိ မက်ထရစ်တန်ချိန်  ၄၁၂၉၀ နှင့် နှိုင်းယှဉ်လျှင် ၀.၇% မြင့်တက် လာခဲ့သည်။

    ကုန်သွယ်ရောင်းဝယ်မှုကဏ္ဍတွင် သိုလှောင်ထားရှိသော ဆန်လက်ကျန်သည် ယခင်နှစ် ကာလတူ၌ ၇၂၈၇၃၀ တန်ရှိရာမှ ယခုနှစ် ဧပြီလတွင် ၆၆၂၆၀၀ တန်သာရှိသဖြင့် ၉.၁% ကျဆင်း ခဲ့ကြောင်း၊ သို့သော် မတ်လရှိလက်ကျန် ၆၃၀၂၉၀ တန်ထက် ၅.၁% တိုးတက်ခဲ့ကြောင်း သိရှိရ သည်။

     အိမ်ထောင်စုများ လက်ဝယ်တွင်လည်း ယခုနှစ် ဧပြီလ၌ ဆန်လက်ကျန် ၉၃၈၀၁၀ တန် ရှိသဖြင့်  ယခင်နှစ် ကာလတူရှိ ဆန်တန်ချိန် ၁.၀၁ သန်းနှင့် နှိုင်းယှဉ်ပါက ၇.၆% လျော့နည်းခဲ့ သည်။

    အယ်လ်နီညိုရာသီဥတု အားပျော့လာခြင်းကြောင့် နောက်လများတွင် ဆန်စပါးထွက်ရှိမှု ပြန်လည်ကောင်းမွန်လာနိုင်ပြီး နိုင်ငံတကာဈေးကွက်၌ စျေးသက်သာသောဆန်များ ဝင်ရောက် လာမှုအရ ဆန်ဈေးနှုန်းများ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီး ဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသား စားနပ်ရိက္ခာ အာဏာ ပိုင်အဖွဲ့သို့ ဆန်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်း လုပ်ပိုင်ခွင့်ကို ပြန်လည်အပ်နှင်းရန် ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက လွှတ်တော်သို့ တိုက်တွန်းထားသည်။

     စိုက်ပျိုးရေးဦးစီးဌာန၏ အတည်ပြုချက်ဖြင့်သာ ဆန်တင်သွင်းခွင့်ပြုပါက စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့သည် စျေးနှုန်းတည်ငြိမ်မှုကို ထိန်းညှိပေးမည့် အေဂျင်စီတစ်ရပ် ဖြစ်လာမည်ဟု စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောကြားခဲ့သည်။

Source: Manila Times, 11 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)