Main menu

ထိုင်းနိုင်ငံသည် အာဆီယံ၏ ဒုတိယအကြီးဆုံး မော်တော်ကားဈေးကွက်အဖြစ် မလေးရှားကိုရှုံးနိမ့်

Powered by Drupal

      အဆင့်သတ်မှတ်ချက်အပြောင်းအလဲများသည် အာရှမော်တော်ကားထုတ်လုပ်သူများအတွက် အဓိကတိုက်ပွဲဖြစ်လာသည်ဟု ဂျပန်အခြေစိုက် အွန်လိုင်းသတင်းမဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သည်။

       ကာလကြာရှည်စွာ တတိယနေရာသို့ရောက်ရှိခဲ့သော မလေးရှားနိုင်ငံ၏ ရောင်းအားကိန်းဂဏန်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ဆက်တိုက် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးမှရပ်တည်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

       Malaysian Automotive Association ၏ အဆိုအရ ယခုနှစ် ပထမသုံးလပတ်တွင် မော်တော်ယာဉ်ရောင်းအားသည် ၂၀၂၂၄၅ စီးမှ ၅%တိုးလာခဲ့သည်။ ၂၀၂၃ခုနှစ်တွင် ၁၁% တိုးလာပြီးနောက် ကားအစီးရေ ၇၉၉၇၃၁စီး စံချိန်တင်ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။

   ထိုကဲ့သို့ ရောင်းအားများတက်လာခြင်းမှာ မလေးရှားအစိုးရ၏ စီးပွားရေးနှိုးဆွမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်တွင်း၌ထုတ်လုပ်သည့် မော်တော်ယာဉ်များအတွက် အရောင်းအဝယ်ခွန်ကင်းလွတ်ခွင့်ပြုချက်ကြောင့်ဖြစ်ပြီး ဈေးကွက်ဝေစု၏ 60%ကိုပိုင်ဆိုင်ထားသည့် နိုင်ငံတော်ကားအမှတ်တံဆိပ် Perodua နှင့် Proton တို့၏ ရောင်းအားကိုတိုးလာစေသည်။

        တစ်ချိန်တည်းတွင်ပင် ထိုင်းနိုင်ငံ၏ ရောင်းအားသည် ၂၀၂၃ခုနှစ်အစောပိုင်းထက် ယခုနှစ် ပထမသုံးလပတ်တွင် ၂၅%ခန့်သိသိသာသာကျဆင်းသွားခဲ့သည်။

     မော်တော်ယာဉ်ချေးငွေများတွင် NPL(A non-performing loan) တိုးလာခြင်းနှင့် အထွေထွေသုံးစွဲမှုရပ်တန့်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ လစဉ်မော်တော်ယာဉ်ရောင်းချမှုသည် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့သည်။ သို့သော်လည်း တရုတ်ကားထုတ်လုပ်သူများ ဝင်ရောက်မှုကြောင့် လျှပ်စစ်ကားများ၏ အစုရှယ်ယာဝေစုမှာ တိုးလာခဲ့ကြောင်းသိရှိရပါသည်။

Source: Nationthailand..com

DOCA(ရန်ကုန်)