ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် နောက်ဆုံးလက္ခဏာဖြစ်သည်။
ရှီ၏ဖိတ်ကြားချက်အရ ပူတင်သည် ကြာသပတေးနေ့မှစတင်၍ တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပူတင်ဟာ တရုတ်နိုင်ငံဆီက လိုချင်တဲ့အချက် ၃ချက်ရှိတယ်ဆိုတာ တော်တော်ရှင်းပါတယ်” ဟု နိုင်ငံခြားရေးမူဝါဒ သုတေသနဌာနမှ အရာရှိ Max Hess က CNBC ၏ “Squawk Box Asia” သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ပထမအချက်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း Power of Siberia အတွက် “သဘောတူ ညီချက်” လိုချင်ပြီး ဒုတိယတစ်ချက်အနေဖြင့် ဟာ့ဒ်ဝဲနှင့်ပတ်သက်၍ ယူကရိန်းစစ်ပွဲအတွက် တရုတ်နိုင်ငံ၏ပံ့ပိုးကူညီမှုကို ထပ်မံရယူလိုကြောင်းနှင့် နောက်ဆုံးတစ်ချက်အဖြစ် တရုတ်ဘဏ္ဍာရေးဈေးကွက်များသို့ ဝင်ရောက်လိုပြီး ရုရှား၏ကုန်သွယ်မှုကို ပိုမိုလုပ်ဆောင်ရန်အတွက် တရုတ်ငွေကြေးကိုအသုံးပြုလိုကြောင်း Max Hess က ပြောကြားခဲ့သည်။
“အဲ့ဒီအရာတွေအားလုံးမှာ သိသိသာသာတိုးတက်မှုအနည်းငယ်ကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်းသိရပါသည်။
Source: cnbc.com
DOCA(ရန်ကုန်)