Main menu

Amazon Web Services သည် စပိန်နိုင်ငံရှိ ‌ဒေတာစင်တာများတွင် ဒေါ်လာ ၁၇.၀၂ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်

Powered by Drupal

      နည်းပညာကုမ္ပဏီကြီး Amazon ၏ Cloud Computing ယူနစ် AWS (Amazon Web Services) သည် စပိန်နိုင်ငံအရှေ့မြောက်ပိုင်း Amazon ဒေသရှိ ဒေတာစင်တာများတွင် ယူရို ၁၅.၇ဘီလီယံ(ဒေါ်လာ ၁၇.၀၂ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း 2024ခုနှစ်၊ မေလ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ၎င်း၏တိုးချဲ့မှုအစီအစဉ်ကို သိသိသာသာမြှင့်တင်သွားမည်ဖြစ်သည်။

      အဆိုပါရင်းနှီးမြှုပ်နှံမှုကို Amazon အတွက်  အချက်အခြာဖြစ်နေပြီဖြစ်သော စပိန်နိုင်ငံအတွင်းရှိဒေသတွင် (၁၀)နှစ်ကျော်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း Aragon အစိုးရက သီးခြားထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့ပြီး အဆိုပါအစီအစဉ်အား “စပိန်နှင့်ဥရောပတောင်ပိုင်းတို့တွင် အကြီးမားဆုံးနည်းပညာရင်းနှီးမြှုပ်နှံမှု” ဟုခေါ်ဆိုခဲ့သည်။

          ရင်းနှီးမြှုပ်နှံမှုသည် ၂၀၃၃ခုနှစ်အထိ တစ်နှစ်လျှင် ပြည်တွင်းကုမ္ပဏီများ၌ ပျမ်းမျှအလုပ်အကိုင်ပေါင်း ၁၇၅၀၀ခန့်ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စပိန်နိုင်ငံရှိ ၎င်း၏ဒေတာစင်တာများအား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အပြည့်အဝအားဖြည့်ပေးသွားမည်ဟု Amazon က ပြောကြားခဲ့ သည်။

     Amazon Web Services (AWS) နှင့် Microsoft ၏ Azure ကဲ့သို့သော မတူညီသည့် cloud ဝန်ဆောင်မှုပေးသူများသည် ဒေတာစင်တာများတည်ဆောက်ရန်အတွက် ဥ‌ရောပတစ်ဝန်းတွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

Source: Reutus

DOCA(ရန်ကုန်)