Main menu

ကားများ၊ ချစ်ပ်ပြားများ ဦးဆောင်တင်ပို့မှုမှ (၅)လဆက်တိုက် ဂျပန်နိုင်ငံ၏ ပို့ကုန်များတိုးတက်လာ

Powered by Drupal

      ဂျပန်နိုင်ငံ၏ ပို့ကုန်များသည် ပဥ္စမလပတ်အထိ ဆက်တိုက်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ နိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ယန်း ၈.၉ထရီလီရံ (အမေရိကန်ဒေါ်လာ ၅၇ဘီလီယံ) ရှိပြီး ယခင်နှစ်ထက် ၈.၃ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဘဏ္ဍရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ပမာဏကိန်းဂဏန်းများအရသိရသည်။ စုစုပေါင်းသွင်းကုန်မှာ ယန်း ၉.၄ထရီလီယံရှိပြီး ၈.၃ရာခိုင်နှုန်းတိုးလာကာ နှစ်လတာကာလအတွင်း ပထမဆုံးကုန်သွယ်မှုလိုငွေမှာ ယန်း ၄၆၂ဘီလီယံဖြစ်သည်။

   မော်တော်ကားတင်ပို့မှု ၁၇.၈ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှု ၂၈.၂ရာခိုင်နှုန်းနှင့် ဆီမီးကွန်ဒတ်တာအပါအဝင် အီလက်ထရွန်နစ်အစိတ်အပိုင်းများတင်ပို့မှု ၂၀.၄ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးတိုးတက်လာခဲ့သည်။ ရေနံစိမ်းတင်သွင်းမှုလည်း ၁၃.၁ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဆီမီးကွန်ဒတ်တာများထုတ်လုပ်မှု စက်ကိရိယာများတိုးတက်လာခြင်းကြောင့် ပဥ္စမလတွင် ၉.၆ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အာရှသို့ ပို့ကုန်စုစုပေါင်း ၉.၇ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး EU သို့တင်ပို့မှု ၂ရာခိုင်နှုန်းကျဆင်းခဲ့သည်။

        ပြီးခဲ့သော သီတင်းပတ်က ဂျပန်ဘဏ်ကထုတ်ပြန်သော ပမာဏကိန်းဂဏန်းများအရ ဂျပန်၏ ဧပြီလပို့ကုန်ဈေးနှုန်းသည် ယမန်နှစ်အလားတူကာလထက် ၁၀.၈ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ယန်းငွေကျဆင်းမှုနှင့် ကြေးနီကဲ့သို့သောသတ္တုများ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် သွင်းကုန်ဈေးနှုန်းများသည် ၆.၄ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

Source : Nikkei.com

DOCA(ရန်ကုန်)