Main menu

၂၀၂၄ခုနှစ်၊ ဧပြီလတွင်တရုတ်နိုင်ငံ၏ ထီလက်မှတ်ရောင်းအား ၁၀.၂ရာခိုင်နှုန်းမြင့်တက်လာခဲ့

Powered by Drupal

       တရုတ်နိုင်ငံ၏ ထီလက်မှတ်ရောင်းရ‌ငွေသည် ၂၀၂၄ခုနှစ်၊ ဧပြီလတွင် ယွမ် ၅၅.၄၆ဘီလီယံ (အမေရိကန်‌‌ဒေါ်လာ ၇.၆ဘီလီယံခန့်) ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၁၀.၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

      နိုင်ငံ၏လူမှုဖူလုံရေးစနစ်အတွက် ထီလက်မှတ်များရောင်းချမှုသည် ဧပြီလတွင် ယွမ် ၁၈.၇၆ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ်ထက် ၂၀.၃ရာခိုင်နှုန်းတိုးလာခဲ့သည်။ အားကစားလုပ်ငန်းကိုအထောက်အကူပြုရန် ထီလက်မှတ်ရောင်းချမှုသည် ယွမ် ၃၆.၆၉ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၇ရာခိုင်နှုန်းတိုးလာကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

     ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံ၌ ထီလက်မှတ်များ‌‌ရောင်းချရမှုစုစုပေါင်းယွမ်မှာ ၂၀၄.၉၂ဘီလီယံရှိပြီး ယခင်နှစ်‌ လေးလပေါင်းခြင်းထက် ၁၇ရာခိုင်နှုန်းတိုးလာခဲ့သည်။ တရုတ် နိုင်ငံ၏ ထီစီမံခန့်ခွဲမှုစည်းမျဥ်းများအောက်တွင် ထီလက်မှတ်များရောင်းချမှုမှ ရရှိသော‌ငွေများကို နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာအသုံးစရိတ်များနှင့် ပြည်သူသက်သာချောင်ချိရေးပရောဂျက်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရှိရသည်။

DOCA(ရန်ကုန်)