Main menu

အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံ၏ဆန်စပါးအထွက်တိုးရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Powered by Drupal

     အင်ဒိုနီးရှား၏ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ပျိုးရေးတိုးချဲ့ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (BPPSDMP) အကြီးအကဲ Dedi Nursyamsi က ၂၀၂၃ ခုနှစ်၏ ရှည်လျားလှသော ခြောက်သွေ့သောရာသီဥတုအခြေအနေများကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျသွားကြောင်း ဇွန်လ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထောက်ပြခဲ့သည်။

     ၂၀၂၂ ခုနှစ်က ဆန်တန်ချိန် ၃၁.၅ သန်းထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်ဆန်တန်ချိန် ၃၀.၂ သန်းသာထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။ Nursyamsi ၏ အဆိုအရ ပြည်တွင်းဆန်လိုအပ် ချက်မှာတစ်လလျှင် ၂.၆ သန်း ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးဧရိယာ ဟတ်တာတစ်သန်းခန့်အား လိုအပ်လျက်ရှိကြောင်း သိရသည်။

    စိုက်ပျိုးရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ် မတ်လနှင့်ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏စိုက်ပျိုးရေးဧရိယာများသည် ဟတ်တာ ၈ သိန်း မှ ၉ သိန်းဝန်ကျင်တွင်သာ ရှိခဲ့သည်။

     စိုက်ပျိုးမြေများတိုးမြင့်လာစေရန်အတွက် ဝန်ကြီးဌာနသည် လယ်သမားများ၊ စိုက်ပျိုးရေး တိုးချဲ့လုပ်သားများနှင့် အင်ဒိုနီးရှားကာကွယ်ရေးတပ်ဖွဲ့ (TNI) ၏ အရာရှိများအား သင်တန်းပေး နေသည်ဟု Nursyamsi မှ ပြောကြားခဲ့သည်။

          အဆိုပါ သင်တန်း၌ စပါးစိုက်ခင်းများတွင်စိမ့်မြေများ ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ စပါးစိုက်ခင်းမှရေများအား စနစ်တကျစုပ်ယူခြင်းနှင့် စပါးစိုက်ပျိုးရန်စိုက်ခင်းမြေများကို စနစ်တကျ အသုံးပြုခြင်း စသည်ဖြင့်စပါးအထွက်တိုးခြင်းဆိုင်ရာ အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များကို သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Antaranews

DOCA(ရန်ကုန်)