Main menu

မျှော်မှန်းထားသည့်မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုပမာဏကို ဆက်လက်ထိန်းသိမ်းထားသည့်ထိုင်းနိုင်ငံ

Powered by Drupal

     ၂၀၂၄ ခုနှစ်ပထမလေးလတွင် ထုတ်လုပ်မှုလျှော့ကျခဲ့သော်လည်း ထိုင်းနိုင်ငံမော်တော် ဆိုင်ကယ်ထုတ်လုပ်မှုပမာဏသည် ယခုနှစ်အတွက်ရည်မှန်းချက်ဖြစ်သည့်အစီးရေ (၂.၁၂)သန်း ကို ရောက်ရှိရန်မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI) ပြောကြားခဲ့ပါသည်။ နိုင်ငံတွင် အိမ်ထောင်စုအကြွေးနှုန်းမြင့်တက်လာမှုကြောင့် ဘဏ်များမှာငွေချေးရာတွင် ပိုမိုစိစစ်လာမှုကြောင့် ကားထုတ်လုပ်သူများကဲ့သို့ မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများမှာ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားနည်းသည့်ပြသနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ FTI ၏ ဒုတိယ ဥက္ကဌနှင့် မော်တော်ယာဥ်စက်မှုလုပ်ငန်းအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Surapong Paisitpatanapong က စျေးကွက်အတွင်း ဝယ်လိုအားရှိနေသည်ဟု ယုံကြည်သောကြောင့် ၎င်းတို့ ၏ ၂၀၂၄ ခုနှစ်အတွက်ထုတ်လုပ်မှုရည်မှန်းချက်ကို ထိမ်းသိမ်းထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Surapong က ရောင်းချမှုများသည် မော်တော်ဆိုင်ကယ် မော်ဒယ်အသစ်များ ဖြန့်ချိမှု၊ လျှပ်စစ်ဆိုင်ကယ်များနှင့် အရောင်းပြပွဲများကျင်းပခြင်းတို့ကြောင့် အဆင်ပြေနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ အသင်းသည် ယခုနှစ်အတွက်မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုမှာ ပြည်တွင်းစျေးကွက်အတွက်အစီးရေ(၁.၇)သန်း၊ ပြည်ပစျေးကွက်အတွက်အစီးရေ (၄၂၀၀၀၀) ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဇန်နဝါရီလမှဧပြီလထိ မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုပမာဏမှာ အစီးရေ (၈၂၁၆၉၅)စီးဖြင့် လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် (၃.၉၄)ရာခိုင်နှုန်းလျှော့ကျခဲ့ကြောင်းနှင့် ရောင်းချရမှုပမာဏသည်လည်းလျှော့ကျခဲ့ကြောင်း သိရပါသည်။ ပြည်ပစျေးကွက်သို့ တင်ပို့မှုမှာလည်း အစီးရေ(၅၂၇၇၀)စီးဖြင့် (၁၆.၇) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။

Source; Bangkok Post

DOCA(ရန်ကုန်)