Main menu

မလေးရှားအစိုးရမှ တစ်နိုင်ငံလုံးရှိကြက်ဥဈေးနှုန်းများအား လျှော့ချ

Powered by Drupal

        မလေးရှားနိုင်ငံတစ်ဝန်းရှိ အဆင့်(A)၊ အဆင့်(B)နှင့် အဆင့်(C) ကြက်ဥများ၏ လက်လီဈေးကို အစိုးရ၏ထောက်ပံ့မှုအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဇွန်လ ၁၇ရက်နေ့မှစတင်၍ ၃ဆန် (မလေးရှား ၁ရင်းဂစ် = ၁၀၀ဆန်) လျော့ချခဲ့သည်။

      (A)အဆင့် ကြက်ဥတစ်လုံးလျှင် ၄၂ဆန်၊ (B)အဆင့် ကြက်ဥတစ်လုံးလျှင် ၄၀ဆန်နှင့် (C)အဆင့် ကြက်ဥတစ်လုံးလျှင် ၃၈ဆန် စသည်ဖြင့် ဈေးနှုန်းအသစ်များအား အသီးသီးသတ်မှတ်ထားကြောင်း ဝန်ကြီးချုပ် Datuk Seri Anwar Ibrahim ကပြောကြားခဲ့သည်။

          ထောက်ပံ့ကူညီမှုတွင် အစိုးရအသုံးစရိတ်မှာ ရင်းဂစ် ၁၀၀သန်းခန့်ပါဝင်မည်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ၁၀ဆန်အထိ လျော့နည်းသွားမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့သည်။

        “ပြည်သူတွေရဲ့နေထိုင်မှု စရိတ်စကနှင့် ပတ်သက်သည့် ပြဿနာတွေကို အစိုးရအနေဖြင့် ပိုမိုထိရောက်သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်” ဟု ဇွန်လ ၁၇ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

         Sabah, Sarawak နှင့် Labuan တို့တွင် ကြက်ဥများအတွက် လက်လီဈေးနှုန်းများကို သက်ဆိုင်ရာဇုန်များနှင့် ခရိုင်များအလိုက် ချိန်ညှိသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Datuk Seri Anwar Ibrahim ၏ ပြောကြားချက်အရသိရသည်။

Source : TheStar.com

DOCA(ရန်ကုန်)