Main menu

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကျင်းပသည့် ဒူးရင်းသီးပွဲတော်

Powered by Drupal

      ထိုင်းနိုင်ငံတောင်ပိုင်း ဒူးရင်းသီးအထွက်နှုန်းမြှင့်တင်ရန်နှင့် တရုတ်ဈေးကွက်သို့ သစ်သီးများပိုမိုဝင်ရောက်လာစေရန်ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အရေးကြီးသော ဒူးရင်းသီးစိုက်ပျိုးရာဒေသဖြစ်သည့် Chumphon ပြည်နယ်၌ ဒူးရင်းပွဲတော်ကို ဇွန်လ ၁၅ရက်နေ့(စနေနေ့) က ကျင်းပခဲ့သည်။

       Songkhla Wu Dongimei မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်၊ တရုတ်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများနှင့် SF Express ကဲ့သို့သော တရုတ်နိုင်ငံမှ သစ်သီးရောင်းဝယ်ရေးလုပ်ငန်းတချို့ကို အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားခဲ့သည်။

         အခမ်းအနားတွင် Chumphon ပြည်နယ်အုပ်ချုပ်ရေးမှူး Wisah Podsiriral သည် ၂၀၂၄ Chumphon ဒူးရင်းရိတ်သိမ်းရာသီစတင်ခြင်းအထိမ်းအမှတ်အဖြစ် ဒူးရင်းသီးတစ်လုံးအား ဓားဖြင့်လှီးဖြတ်ခဲ့သည်။

     ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒူးရင်းသီးစိုက်ပျိုးဧရိယာအများဆုံးရှိသော Chumphon ပြည်နယ်သည် ဒေသတွင်းဒူးရင်းထွက်ရှိမှု၏ ထက်ဝက်ခန့်ကိုထုတ်လုပ်ပေးလျက်ရှိပြီး အသီးရာသီသည် ဇွန်လမှဒီဇင်ဘာလအထိဖြစ်သည်။

         လွန်ခဲ့သည့်ငါးနှစ်အတွင်း Chumphon ပြည်နယ်တွင် ဒူးရင်းစိုက်ဧရိယာသည် ၂၀၂၃ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ ၁၇.၃၈ရာခိုင်နှုန်းတိုးလာကြောင်း ပြည်နယ်စိုက်ပျိုးရေးတိုးချဲ့ရုံးမှသိရသည်။

         ၂၀၂၄ခုနှစ်တွင် ပြည်နယ်အတွင်း ဒူးရင်းတန်ချိန်၂၅၀၀၀၀ကျော်ထွက်ရှိပြီး ဘတ် ၃၃ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈၉၉.၄သန်း) ရရှိနိုင်မည်ဟုမျှော်မှန်းထားကြသည်။

       ဒူးရင်းစိုက်ပျိုးဧရိယာတိုးချဲ့မှုသည် အဓိကအားဖြင့် ကုန်သွယ်ဖက်နိုင်ငံများမှ ဒူးရင်းသီးဝယ်လိုအားတိုးလာခြင်းရှိ/မရှိပေါ်တွင် မူတည်သည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏အကြီးဆုံး ဒူးရင်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး Chumphon ပြည်နယ်၏ ဒူးရင်းသီး ၇၀ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့တင်ပို့နေကြောင်း Wisah က ပြောသည်။

          “အနာဂတ်မှာ ဒူးရင်းသီးတွေရဲ့ အရည်အသွေးကိုမြှင့်တင်ပြီး တရုတ်စားသုံးသူတွေအကြား ရေပန်းစားသော ထိုင်းဒူးရင်းအဖြစ် ဆက်လက်ရပ်တည်သွားမှာပါ” ဟု Wisah က ပြောကြားခဲ့သည်။

        Chumphon ပြည်နယ်ကဲ့သို့ ထိုင်းနိုင်ငံတောင်ပိုင်းသည် စိုက်ပျိုးရေးအရင်းအမြစ်များပေါကြွယ်ဝပြီး ယင်းဒေသမှထွက်ရှိသော ဒူးရင်းသီးသည် ၎င်း၏အရသာနှင့်အရည်အသွေးကောင်းမွန်သောကြောင့် တရုတ်ဈေးကွက်တွင် အလွန်ရေပန်းစာကြောင်းသိရှိရသည်။ တရုတ်နှင့်ထိုင်းနိုင်ငံတို့သည် စီးပွားရေးနှင့်ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်နိုင်ပြီး ကုန်သွယ်မှုအားကောင်းလာကာ နှစ်နိုင်ငံဆက်ဆံ‌ရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Source: Xinhua

DOCA(ရန်ကုန်)