Main menu

ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)၊ လှည်းကူး၏ ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများပြင်ဆင်သတ်မှတ်

Powered by Drupal
Wed, 07/10/2024 - 16:16 -- consumer_admin

၁။      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)၊ လှည်းကူးတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အခြားဝန်ကြီးဌာနရှိ လုပ်ငန်းဌာနများက ပေးပို့လာသည့် ကုန်ပစ္စည်းနမူနာများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။

၂။       ယခုအခါ ဓာတ်ဆေးပစ္စည်းများ (Chemicals)နှင့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ (Apparatus)ဝယ်ယူရာတွင် စျေးနှုန်းကြီးမြင့်ခြင်း၊ လျှပ်စစ်မီတာခနှုန်းထားများ တိုးမြင့်လာခြင်း တို့ကြောင့်  သီးနှံအရည်အသွေးစမ်းသပ်မှု အမျိုးအစားအလိုက် ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှစ၍  ပူးတွဲပါ PDF File အတိုင်း ပြင်ဆင်တိုးမြှင့်သတ်မှတ်လိုက်ပါသည်။