Main menu

မကွေးမြို့၊ ရန်ကင်းစျေး၌ တရားမဝင်တင်သွင်းလာသော စားဆီများရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၈.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းစျေး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းပြီး စျေးကွက်အတွင်း တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းမှ ဝင်ရောက်လာသော ပုဇွန်(၂)ကောင်အမှတ်တံဆိပ်စားအုန်းဆီများရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးမြို့၊ ရန်ကင်းစျေးရှိ စားသုံးဆီအရောင်းဆိုင်(၄)ဆိုင်တွင် တရားမဝင် ကုန်သွယ်မှု လမ်းကြောင်းမှ ဝင်ရာက်လာသော ပုဇွန်(၂)ကောင်အမှတ်တံဆိပ် စားသုံးဆီများ ရောင်းချမှုမရှိဘဲ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်ပါဝင်သော ဘူးသွပ်ဆီများနှင့် မကွေးမြို့နယ်အတွက် ခွဲတမ်းရရှိသော ကုမ္ပဏီကိုယ်စားလှယ်များမှ တစ်ဆင့်ပြန်လည်ဖြန့်ဖြူးသည့် စားအုန်းဆီများကိုသာ သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်း စာအုပ်စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)