Main menu

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးအမေရိကန်သို့သွားရောက်လည်ပတ်မည်

Powered by Drupal

             ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan သည်ထိုင်းနိုင်ငံက အမေရိကန်ကိုကုန်သွယ်ရေးပိုငွေပြမှုနှင့်ပတ်သတ်၍ စိုးရိမ်မှုများကိုဖြေရှင်းရန် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီလတွင်သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်းသိရပါသည်။၂၅.၁၁.၂၀၂၄ ရက် နေ့က Amazon၊ Apple၊ Boeing၊ Citi၊ Google၊ Mastercard၊ Seagate အစရှိသည့်လူသိများသည့်လုပ်ငန်းများပါဝင်သည့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှ အဖွဲ့ဝင် ၅၀ မှကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် Mr Pichai က အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့ရန် ဆက်လက်စိတ်ဝင်စားနေကြောင်းပြောကြားခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူများအား ထိုင်းနိုင်ငံ၏အမေရိကန်နိုင်ငံအပေါ် ကုန်သွယ်ရေးပိုငွေပြမှုသည် အမေရိကန်ကုမ္ပဏီများက ထိုင်းနိုင်ငံတွင်ရင်းနှီးမြှုပ်နှံပြီး အမေရိကန်သို့ကုန်ပစ္စည်းများတင်ပို့ခြင်းကြောင့်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံအပေါ်သွင်းကုန်အခွန်တိုးမြှင့်ခြင်းမပြုရန် ရွေးကောက်ခံ အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်အားအကြောင်းကြားပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးသည် ဖေဖော်ဝါရီလတွင်အမေရိကန်သို့သွားရောက်ပြီး အမေရိကန်နိုင်ငံတော်အတွင်း ရေးမှူးသစ်နှင့် ဖြစ်နိုင်ပါက အမေရိကန်သမ္မတနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းသိရပါသည်။ ဆွေးနွေးမှုများသည် ထိုင်းနိုင်ငံ၏ အမေရိကန်နှင့်အားကောင်းသောသံတမန် ဆက်ဆံရေးနှင့် အမေရိကန်ကုမ္မဏီများ ထိုင်းနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် အားကောင်းသော အလားအလာအပေါ်အဓိကထားမည်ဟုသိရပါသည်။ ထို့ပြင်ထိုင်းနိုင်ငံသည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအား အခြားနိုင်ငံများနှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများမြန်ဆန်စေရန် တိုက်တွန်းခဲ့ကြောင်းသိရပါသည်။ Mr Pichai က ထိုင်းနိုင်ငံသည် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်းနှင့် ဆွေးနွေးမှုများကိုအပြီးသတ်နိုင်ရန်ရည်ရွယ်ထားကြောင်း အမေရိကန်ကိုအကြောင်းကြားခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ဝန်ကြီးက ထိုင်းနိုင်ငံအပေါ်မူပိုင်ခွင့်ကာကွယ်ရေးနှင့်ပတ်သတ်၍ အမေရိကန်၏စောင့်ကြည့်စာရင်းတွင် ပါဝင်နေမှုအပေါ်ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် Generalised system of preferences(GSP) အထူးအခွင့်အရေးကိုလည်း နိုင်ငံအတွက် ပြန်လည်သက်တမ်းတိုးပေးရန် အမေရိကန်ကိုတောင်းဆိုခဲ့ကြောင်းသိရပါသည်။ ထို GSP အထူး အခွင့်အရေးသည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် အကောက်ခွန် အခွင့်အရေးရရှိစေပြီး ၂၀၂၀ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Bangkok Post

 DOCA(ရန်ကုန်)