Languages

Main menu

မန္တလေးတိုင်းဒေသကြီးတွင် ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

xxx အိုးမရွေးစတီးမီးဖိုနှင့် နှစ်ခုတွဲ အကင် စက်အမျိုးမျိုးဖြန့်ချီရေးမှ အိုးမရွေး လျှပ်စစ်မီးဖို(၁) လုံး အာမခံချက်(၆လ) အတွင်း လဲလှယ်ခွင့်ရှိသည်ပါရှိပြီး ဝယ်ယူသုံးစွဲ၍ (၂၈)ရက် အကြာတွင် ပျက်သွား၍ အာမခံထားသည့် အတိုင်းဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ရာ ပြင်ဆင်မှုသာ ဆောင်ရွက်ပေးသဖြင့် နစ်နာသူမှတိုင်ကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရောင်းသူ/ဝယ်သူ(၂) ဦးအား ခေါ်ယူ၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ ရောင်းသူမှ အာမခံထားသည့်အတိုင်း မီးဖိုအသစ်(၁) လုံး လဲလှယ်ပေးခဲ့ခြင်း စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ အခန်း(၆)၊ ပုဒ်မ(၇)၊ ပုဒ်မခွဲ(ခ) (၆) ကို တိကျစွာလိုက်နာဆောင်ရွက်ရန်  ဝန်ခံကတိလက်မှတ် ထိုးခြင်း၊ နစ်နာသူမှလည်း ကျေနပ် မှုရရှိခဲ့ပါသည်။