ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် - မတ်လ ၁၅
“စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး”ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကျင်းပသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီ အချိန်တွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပရာ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍အမှာစကားပြောကြားပါသည်။ အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၊ စားသုံးသူရေးရာအသင်း၊ USAID နှင့် EU-GIZ အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အခမ်းအနားသို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် USAIDအဖွဲ့အစည်း၏ Private Sector Development Activity, Project Director ဖြစ်သူ Mr. Steve Allen Parker တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို စားသုံးသူများကိုယ်တိုင် မိမိတို့၏အခွင့်အရေးများကို သိရှိရန်နှင့် စားသုံးသူများ၏အခြေခံ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်အတွက် တွန်းအားပေးလှုံ့ဆော်သည့်အနေဖြင့် ယခုကဲ့သို့နှစ်စဉ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်း၌ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် စားသုံးသူရေးရာနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းပေါင်း ၂၂၀ ကျော်က တက်ကြွစွာ ဖွဲစည်းလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် စားသုံး သူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်း၍ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေနှင့်အညီ စားသုံးသူတို့၏အခြေခံအခွင့်အရေးများကို မြှင့်တင်ပေးခြင်းနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းသည် စားသုံးသူများအပေါ် ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားသည့်ကုန်စည်များကို ထုတ်လုပ် တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများကိုလည်းရရှိစေရန် ဖော်ဆောင်ပေးနေခြင်းဖြစ်ပါ ကြောင်း၊ ယနေ့အချိန်အခါတွင် စားသုံးသူများ ကျန်းမာရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်း ရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ၏ထိခိုက်နစ်နာမှုများအတွက် အရေးယူဆောင်ရွက်ပေးနိုင်မည့် ယန္တရားများ၊ စနစ်များပေါ်ပေါက်လာစေရေး နှင့် စားသုံးသူများ အသိပညာတိုးတက်စေရန် စဉ်ဆက်မပြတ် ပညာပေးမှုလုပ်ငန်းများသည် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများအနက် အရေးကြီးသော လုပ်ငန်းစဉ်များဖြစ်လာ သည်ကို သိသာထင်ရှားစွာ တွေ့မြင်လာနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းနှင့် USAID အဖွဲ့အစည်း၏ Private Sector Development Activity, Project Director ဖြစ်သူ Mr. Steve Allen Parker တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်ရှိသူတစ်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ Official Websiteလွှင့်တင်ခြင်းစပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပြည် ထောင်စုဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပါသည်။ ထို့နောက် ဆွေးနွေးပွဲအစီ အစဉ်များကို ဆက်လက်ကျင်းပရာ “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော် ဆောင်ရွက် ပေး”ဟူသည့် ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်း မြင့်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူ၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ပါမောက္ခ ဒေါက်တာအောင်မြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးနှင့် မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂ အတွင်း ရေးမှူး ဦးမောင်မောင်တို့က ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။