Main menu

အီလက်ထရောနစ်ဆိုင်မှ TV ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ်ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အီလက်ထရောနစ်ဆိုင် တစ်ခုထံမှ 25”TV တစ်လုံးအား ငွေကျပ် ၈၅၀,၀၀ဝ/-ဖြင့် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်း မကုန်ဆုံးမီ ပျက်စီးသွားသောကြောင့် ဆိုင်သို့ ပြုပြင်ရန် ပို့ဆောင်ပေးခဲ့ရာ (၃)လခန့်ကြာသည်အထိ ပြုပြင် ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားခံရသော အီလက်ထရောနစ်ဆိုင်သို့ စာဖြင့်အကြောင်းကြား၍သော်လည်းကောင်း၊ Viber မှစာပို့၍သော်လည်းကောင်း၊ အကြိမ်ကြိမ်ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း လာရောက်ဖြေရှင်းမှု မရှိသည့်အတွက် ခရိုင်ဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြခဲ့ပါသည်။ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား တိုင်းဦးစီးမှူးရုံးသို့ ခေါ်ယူခဲ့ရာ တွင် တိုင်ကြားသူမှ တိုင်ကြားမှုအခြေအနေများအား လာရောက်ရှင်းလင်း ပြောကြားခဲ့သော်လည်း အီလက်ထရောနစ်ဆိုင်မှ လာရောက်ခြင်းမရှိသည့်အပြင် တိုင်ကြားသူထံသို့ TV အပ်နှံခြင်း မရှိသည်ကို သိရှိခဲ့ရသောကြောင့် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အမှာစာဖြင့် တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်သွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သဖြင့် အီလက်ထရောနစ်ဆိုင်အား စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၅၂ (ဃ)အရ  “တိုင်ကြားသူထံသို့ TV အား ယခုအချိန်ထိ ပြန်လည် ပေးအပ်ခြင်းမရှိသည့် အတွက် ဝယ်ယူခဲ့သည့် TV တန်ဖိုး ငွေကျပ် ၈၅၀,၀၀ဝ/- မှ TV အသုံးပြုခဲ့သည့် (၆)လစာအား တစ်လ လျှင် ငွေကျပ် ၃၀,၀၀ဝ/- သတ်မှတ်၍ ငွေကျပ် ၁၈၀,၀၀ဝ/- ကို နှုတ်ယူ၍ ကျန် ငွေကျပ် ၆၇၀,၀၀ဝ/-အား ပြန်လည်ပေးအပ်ရန်” ဟူ၍ စီမံခန့်ခွဲရေးဆိုင်ရာအမိန့်အား ချမှတ်ခဲ့ပါသည်။ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခဲ့မှုအပေါ် အီလက်ထရောနစ်ဆိုင်မှ တိုင်ကြားသူသို့ ငွေကျပ် ၆၇၀,၀၀ဝ/- ကို  ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် တိုင်ကြားသူကငွေလက်ခံရရှိပြီး ကျေနပ်မှု ရှိပါသောကြောင့် တိုင်ကြား မှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။