
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက်ကုမ္ပဏီ တစ်ခုမှ power fiber internet ကို ၂၀၁၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး ၂၇-၃-၂၀၂၅ ရက်နေ့တွင် (၃)လစာ ငွေ ကျပ် ၈၆,၀၀၀/-ဖြင့် သက်တမ်းတိုး ဆောင်ရွက်ခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့မှ စတင်ပြီး လိုင်းပြတ်တောက်နေ ပါသဖြင့် customer service သို့ အကြိမ်ကြိမ် ဆက်သွယ်၍ ပြင်ဆင်ပေးရန် ပြောကြားသော်လည်း ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ ဆက်သွယ် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် အင်တာနက်ကုမ္ပဏီမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ တာဝန်ရှိသူ များ၏ စိစစ်မှုအရ တိုင်ကြားသူအသုံးပြုနေသော တည်နေရာမှာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ် ခဲ့သော အင်အားပြင်းထန်ငလျင်ဒဏ်ကြောင့် အဆိုပါနေရာသို့ သွယ်တန်းထားသောအင်တာနက် ဖိုင်ဘာဆက်ကြောင်းများပျက်စီးခဲ့ရပြီး ယခုအချိန်ထိပြန်လည်အစားထိုး ပြုပြင်ဆောင်ရွက်ဆဲဖြစ် သည့်အတွက် လက်တလောအခြေအနေများအရ ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိသေးကြောင်း သိရှိရ သည့်အတွက် တိုင်ကြားသူထံသို့ဆက်သွယ်၍ လတ်တလော အခြေအနေဖြင့် Power Fiber Internet ဝန်ဆောင်မှုမပေးနိုင်သေးသည့်အကြောင်းရင်းအား အသေးစိတ်ရှင်းလင်းပြောကြားပြီးဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုအသုံးပြုရန် သက်တမ်းတိုးခဲ့သည့် (၃)လစာငွေကျပ် ၈၆,၀၀၀/-ကို စိစစ်တွက်ချက်၍ အမှန်တကယ် ပြန်လည်အမ်းပေးရမည့် ငွေကျပ် ၈၂,၁၇၈/- ကို တိုင်ကြားသူ၏ Kpay Account သို့ ပြန်လည်လွှဲပေးခဲ့ပြီး ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါ သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။