
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းတွင် ဗီယက်နမ်နိုင်ငံသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းထုတ်ကုန်များမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံခန့်ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂.၆ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေး ထုတ်ကုန်များမှဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄.၂၄ ဘီလီယံခန့် ရရှိခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရပါသည်။ ဗီယက်နမ်နိုင်ငံမှ ဂျာမနီနိုင်ငံ၊ အီတလီနိုင်ငံနှင့် အဓိက တင်ပို့သည့်နိုင်ငံဖြစ်သော စပိန်နိုင်ငံများသို့ တင်ပို့သောကော်ဖီတင်ပို့မှုမှ ဝင်ငွေ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆၇ ရရှိကာ ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံများသို့ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၇.၉၁ ဘီလီယံခန့်ရရှိကာ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ ပြိုင်ဆိုင်မှုမြင့်တက်လာမှုများအကြား ဆန်တင်ပို့မှုများမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃.၈၃ ဘီလီယံခန့် ရရှိခဲ့ပြီး ၂၇.၇ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်းနှင့် လက်ဖက်နှင့် ရာဘာတင်ပို့မှုများသည်လည်း ဝယ်လိုအားကျဆင်းမှုကြောင့် တင်ပို့မှုကျဆင်းလျက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုး ရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး Phung Duc Tein ကယခုနှစ်တွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍများမှ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံခန့်တန်ကြေးရှိသော တင်ပို့မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Vnexpress
DOCA (ရန်ကုန်)
