Main menu

ထိုင်းရော်ဘာလုပ်ငန်း ရေဘေးကြောင့် ဘတ် ၄.၅ ဘီလီယံ ဆုံးရှုံးနိုင်

Powered by Drupal

       ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူဖြစ်သည့် ထိုင်းနိုင်ငံတွင် ပြင်းထန်သောရေကြီးမှုများကြောင့် ရော်ဘာထုတ်လုပ်မှုကို တန်ချိန် ၉၀,၀၀၀ အထိ ကျဆင်းခဲ့ပြီးဘတ် ၄.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၄၀) တန်ဖိုးရှိကြောင်း ထိုင်းရော်ဘာအာဏာပိုင်အဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

       စိုက်ပျိုးမြေ ဧက ၄.၁ သန်း (ဟက်တာ ၆၅၆,၀၀၀) ရေလွှမ်းမိုးခံခဲ့ရပြီး တောင်သူ ၁၆၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ဥက္ကဋ္ဌ Perk Lertwangpong က Reuters သို့ ပြောကြားခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ရော်ဘာတန်ချိန် ၄၀,၀၀၀ ခန့်ကို ပြည်နယ် ကိုးခုတွင် ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း မစ္စတာ Perk က ပြောကြားခဲ့သည်။

        ရေကြီးရေလျှံမှုများ ကျဆင်းပြီး ထုတ်လုပ်မှုပြန်စနိုင်တဲ့အချိန်တွင် ဆုံးရှုံးမှုပမာဏသည် နှစ်ဆအထိဖြစ်နိုင်ပြီး တန် ၉၀၀၀၀ အထိ ရောက်ရှိနိုင်သည်။ စက်တင်ဘာလလယ်မှ ဇန်နဝါရီလ လယ်အထိကာလသည် ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှုအတွက် အကောင်းဆုံးရာသီဖြစ် သည်။ ကနဦးခန့်မှန်းချက်များအရ ထိုင်းနိုင်ငံသည် ၂၀၂၄-၂၅ ရာသီတွင် တန်ချိန် ၄.၈ သန်းခန့် ထုတ်လုပ်ခဲ့သည်။

       ယခုအချိန်အထိ ရေဘေးကြောင့် စီးပွားရေးထိခိုက်မှုစုစုပေါင်းမှာ ဘတ်ငွေ ၂၅ ဘီလီယံရှိ မည်ဟု ခန့်မှန်းထားကြောင်း Kasikorn Research Center ၏ အုပ်ချုပ်မှုဒါရိုက်တာ Burin Adulwattana က ပြောကြားသည်။ စက်ရုံများ ဆက်လက်လည်ပတ်နိုင်ခြင်းမရှိဘဲ ငွေကြေးလည်ပတ်မှုမရှိပါက ထိခိုက်မှုသည် ပိုမိုကြီးမားနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

          ဘက်စုံရော်ဘာထုတ်လုပ်သူ Sri Trang Agro-Industry က ရေလွှမ်းမိုးခံရသော ၎င်း၏ ထုတ်လုပ်မှုစက်ရုံများ ထိခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဓိကအားဖြင့် ရော်ဘာလက်အိတ် ထုတ်ခြင်းလုပ်ငန်းမှ ဝန်ထမ်းများ အလုပ်သို့မလာနိုင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ရာနေရာအချို့သို့ ရေများလျှံဝင်လာခြင်းကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရကြောင်း ပြောကြားသည်။

         ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အိမ်နီးချင်း မလေးရှားနိုင်ငံတို့ ရေလွှမ်းမိုးခံရပြီးနောက် ထိုင်းရော်ဘာထွက်ရှိမှုသည် ၃% ကျဆင်းကာ တန်ချိန် ၅ သန်းသို့ ရောက်ရှိခဲ့ပြီး ရော်ဘာ အာဏာပိုင်အဖွဲ့အစည်း၏ အဆိုအရ တန်ချိန် ၃.၈၆ သန်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

Source : Bangkok post                                                                      

DOCA (ရန်ကုန်)