
အိန္ဒိယနိုင်ငံမှ ဆီသန့်စင်သူများသည် ကမ္ဘာ့ဆီဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ပြည်တွင်း ပဲပိစပ်ဆီများသည် တင်သွင်းလာသည့် ပဲပိစပ်ဆီများထက် ဈေးနှုန်းသက်သာမှုကြောင့် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ပဲပိစပ်ဆီတန်ချိန် ၇၀၀၀၀ မက်ထရစ်တန်ခန့်တင်သွင်းမှုကို ပယ်ဖျက်လိုက်ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံးဟင်းသီးဟင်းရွက်တင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ဆီသန့်စင်သူများသည် ၄လအတွင်းဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် တင်သွင်းမှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းတွင်ထုတ်လုပ်သော သန့်စင်ပြီးသားပဲပိစပ်ဆီတန်ဖိုးသည် တစ်တန်လျှင် ရူပီး ၁၂၄၇၀၀ (အမေရိကန်ဒေါ်လာ ၁၃၈၇.၂၅ ခန့်) သာရှိပြီး ပြည်ပမှတင်သွင်းသော ပဲပိစပ်ဆီတန်ဖိုးသည် တစ်တန်လျှင် ရူပီး ၁၃၂၁၀၀ ခန့်ကျသင့်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ ဝယ်သူများသည် စက်တင်ဘာလတွင် ပဲပိစပ်ဆီများကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ မှ ၁၁၂၀ အတွင်းဝယ်ယူခဲ့သော်လည်း အာဂျင်တီးနားနိုင်ငံမှ ပဲပိစပ်နှင့်အခြားသောအစားအသောက်ကုန်တင်ပို့မှုများမှ အခွန်များကို တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခုအပတ်အတွင်း ပဲပိစပ်ဆီတန်ဖိုးသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၂၃၀ သို့မြင့်တက်ခဲ့ပြီး ဆက်လက်မြင့်တက်ဖွယ်ရှိသဖြင့် အိန္ဒိယနိုင်ငံမှ သန့်စင်သူများသည် ပဲပိစပ်ဆီတင်သွင်းမှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် စားအုန်းဆီသည် ပဲပိစပ်ဆီထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ခန့် သက် သာာမှုများရှိသဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူသူများသည် ပဲပိစပ်ဝယ်ယူမည့် စာချုပ်များကို ပယ်ဖျက်မှု များပြုလုပ်ပြီး ဈေးသက်သာသော စားအုန်းဆီတင်သွင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အဓိကအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ တင်သွင်းပြီး ပဲပိစပ်ဆီနှင့်နေကြာဆီများကို အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
