Main menu

ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှုကို မြှင့်တင်

Powered by Drupal

          ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှုဆိုင်ရာဖိုရမ်တစ်ခုကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ဗီယက်နမ်နိုင်ငံ၊ An Giang ပြည်နယ်၌ ကျင်းပခဲ့သည်။ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ (၉) လအတွင်း ကုန်းလမ်းနယ်စပ်ဂိတ်များမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များသည် ၁၆.၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အဓိကအားဖြင့် အထည်အလိပ်၊ သံမဏိနှင့် ရေထွက်ပစ္စည်းများဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာ၊ သီဟိုဠ်စေ့နှင့် အခြားစိုက်ပျိုးရေးပစ္စည်းများကို တင်ပို့ခဲ့သည်။ ဝန်ကြီးဌာနသည် ၂၀၃၀ ခုနှစ်တွင် နှစ်နိုင်ငံဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရရှိရန် ရည်မှန်းထားပြီး ထောက်ပံ့ပို့ဆောင်ရေး ခေတ်မီအောင် လုပ်ဆောင်ခြင်း၊ ဂိုဒေါင်စွမ်းရည် အဆင့်မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ် နယ်စပ်ဂိတ်ပုံစံများကို တိုးချဲ့ခြင်းတို့ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်များဌာန အကြီးအကဲ Vu Thi Minh Ngoc က မကြာသေးမီက နှစ်နိုင်ငံ သဘောတူညီချက်များသည် နယ်စပ်အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန်အတွက် မရှိမဖြစ်လိုအပ်သော ဥပဒေဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။ Moc Bai၊ Xa Mat၊ Tinh Bien၊ Khanh Binh နှင့် Ha Tien ကဲ့သို့သော အဓိက နိုင်ငံတကာဂိတ်များဖြင့် ဗီယက်နမ်-ကမ္ဘောဒီးယား နယ်စပ်ဒေသသည် အာဆီယံသို့ ကုန်သွယ်ရေးတံခါးပေါက်တစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။ An Giang ပြည်နယ်သည် ၎င်း၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် နယ်စပ်ဈေးကွက်များကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး အခွန်ကင်းလွတ်သော ကုန်သွယ်ခြင်းနှင့် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးအပါအဝင် ကုန်သွယ်ရေးဝန်ဆောင်မှု အသစ်များကို မြှင့်တင်သွားမည်ဟု Vu Thi Minh Ngoc က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)