Main menu

ဗီယက်နမ်-ကမ္ဘောဒီးယား OCOP ပြပွဲမှ နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ရ

Powered by Drupal

                  ဗီယက်နမ်-ကမ္ဘောဒီးယား ပြည်နယ်တစ်ခုထုတ်ကုန်တစ်ခု (OCOP) ကုန်စည်ပြပွဲကို ဗီယက်နမ်နိုင်ငံ၊ An Giang (အန်ဂျိုင်) ပြည်နယ်၊ Tinh Bien (တင်ဘီယမ်) ရပ်ကွက်တွင် ကျင်းပလျက်ရှိပြီး နှစ်နိုင်ငံမှ လုပ်ငန်းပေါင်း ၈၀ မှ ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်ပြသထား သည်။ ဗီယက်နမ်စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အန်ဂျိုင်ပြည်နယ် ပြည်သူ့ကော်မတီတို့  ပူးပေါင်းကျင်းပသည့် တစ်ပတ်ကြာ ပြပွဲသည် စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဖလှယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။ ပါဝင်သော စီးပွားရေးလုပ်ငန်းများသည် ဒေသထွက် အထူး ထုတ်ကုန် ထောင်ပေါင်းများစွာ၊ OCOP အသိအမှတ်ပြု ထုတ်ကုန်များ၊ စားသုံးသူပစ္စည်းများ၊ လက်မှုပညာများနှင့် အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များကို ပြသခဲ့ကြသည်။ ပွဲ၏ အထူးခြားဆုံးအချက်မှာ ကမ္ဘောဒီးယားဈေးကွက်သို့ ပို့ကုန်များ တိုးချဲ့ရန် ရှာဖွေနေသော ထိပ်တန်းအမှတ်တံဆိပ်များနှင့်အတူ ကြယ်သုံးပွင့် သို့မဟုတ် ထို့ထက်ပို၍ အဆင့်သတ် မှတ်ထားသော ဗီယက်နမ် OCOP ထုတ်ကုန်များကို ထင်ရှားစွာ ပြသထားခြင်း ဖြစ်သည်။ ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Le Trung Ho က ဗီယက်နမ်-ကမ္ဘောဒီးယား စီးပွားရေးဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့်မှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ နှစ်နိုင်ငံကုန်သွယ်မှုသည် သုံးဆကျော်မြင့်တက်လာခဲ့ကြောင်းပြောကြားခဲ့သည်။LeTrungHo၏ အဆိုအရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် စီးပွားရေး၏အသက်သွေးကြောတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ အန်ဂျိုင်နှင့် ကမ္ဘောဒီးယားပြည်နယ်များအကြား ကုန်သွယ်မှုဆက်ဆံရေးသည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၉၄၀ သန်းအထိ အားကောင်းလာပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၅၃၁ သန်း အထိရောက်ရှိခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါပြပွဲသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ အမှတ်တံဆိပ်များနှင့် အထူးထုတ်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဧည့်သည်များထံ တွေ့ဆုံပြီး မြှင့်တင်ရန် အခွင့်အရေးတစ်ခု ပေးဆောင်ကြောင်း Le Trung Ho က ထပ်လောင်းပြောကြားခဲ့သည်။     

 DOCA(ရန်ကုန်)