Main menu

အစ္စတန်ဘူလ်-ဖနွမ်းပင် ခရီးစဉ်သည် ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်မည်ဟု ခရီးသွားဝန်ကြီး ပြောကြား

Powered by Drupal

             ကမ္ဘာလုံးဆိုင်ရာအဓိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Turkish Airlines မှ ပြေးဆွဲလျက်ရှိသော အစ္စတန်ဘူလ်မှ ဖနွမ်းပင်သို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်အသစ်သည် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများကို ကမ္ဘောဒီးယားသို့ ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ရ ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီး Huot Hak က ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သော တူရကီသမ္မတနိုင်ငံ၊ အစ္စတန်ဘူလ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်အကြား ပထမဆုံးတိုက်ရိုက်လေယာဉ်ခရီးစဉ် အတွက် ကြိုဆိုပွဲအခမ်းအနားတွင် ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ Huot Hak က တူရကီ သမ္မတနိုင်ငံအစိုးရ၊ တူရကီသံအမတ်ကြီး၊ တူရကီလေကြောင်းလိုင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းရှင်များ၊ နှစ်နိုင်ငံပြည်သူများနှင့် ခိုင်မာသောပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။ နိုင်ငံပေါင်း ၁၃၀ ရှိ နေရာပေါင်း ၃၅၀ ကျော်သို့ ပျံသန်းဝန်ဆောင်မှုပေးလျက်ရှိသော လေကြောင်းလိုင်းတစ်ခုနှင့် ချိတ်ဆက်မှု အသစ်မှတစ်ဆင့် ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်းအလားအလာနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကမ္ဘာတစ်ဝှမ်းတွင် မြှင့်တင်ပေးမည်ဖြစ်ပြီး ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံသူများကို ကမ္ဘောဒီးယားသို့ ပိုမိုဆွဲဆောင်နိုင်စေမည်ဖြစ်ကြောင်း Huot Hak က ထပ်လေင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၁၀) လအတွင်း နိုင်ငံတကာလေကြောင်းခရီးသည် စုစုပေါင်း ၅.၆၆ သန်း ဝင်ရောက်ခဲ့ပြီး SSCA ၏ အစီရင်ခံစာအရ သိရသည်။

DOCA(ရန်ကုန်)