
၁၄.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော မွန်ပြည်နယ်စားသုံးသူသမဂ္ဂတို့ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ အမှတ် (၁) အောက်ဈေး တွင် စားသောက်ကုန်၊ အလှကုန်များရောင်းချသည့် ဈေးဆိုင်ပေါင်း (၆၀) ခန့်အား ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်၊ ဆိုင်ရှင်များအား သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။