Main menu

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်သောအဖွဲ့သည် Embasssy of Japan မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်သောအဖွဲ့သည် Embasssy of Japan မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki ဦးဆောင်သော Myanmar Japan Joint Initiative Business Environment Working Group တာဝန်ရှိသူများအား (၂၈.၁.၂၀၂၀) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

              လက်ခံတွေ့ဆုံရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက စားသုံးသူရေးရာဦးစီးဌာန ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မိတ်ဆက်ရှင်းလင်း ဆွေးနွေးပါသည်။ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က စားသုံးသူကာကွယ်ရေးဥပေဒေ (၂၀၁၉) အခန်း (၁၈) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ နှင့်ပတ်သက်၍ စင်တာများဖွင့်လှစ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ စင်တာများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဝေက အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး(ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုလိုအပ်ချက်)ဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်နိုင်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေနေများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

              Myanmar Japan Joint Initiative Business Environment Working Group တာဝန်ရှိသူများက ၄င်းတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး စားသုံးသူ ရေးရာဦးစီးဌာနက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ၄င်းတို့အပိုင်းမှ ပေါင်းစပ်ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။