Main menu

ကုန်သွယ်မှုပိုငွေလျော့နည်းသော်လည်း ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု ၆၀ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့သူများသည် ဇန်နဝါရီလတွင် ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုများ သိသိသာသာ မြင့်တက်ခဲ့ရာ ၂၀၂၆ ခုနှစ်ကို သိသာထင်ရှားသည့် တိုးတက်မှုဖြင့် စတင်လိုက်ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ဗဟိုစာရင်းအင်းအေဂျင်စီ၏ နောက်ဆုံးထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ သို့သော် ဖော်ပြပါ တိုးတက်မှုသည် နိုင်ငံ့ကုန်သွယ်မှုပို‌ငွေ သိသာစွာ ကျဆင်းနေမှုကို ဟန့်တားရန် လုံလောက်မှု မရှိကြောင်း သိရှိရသည်။

      အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုသည် ယခင်နှစ်ကာလတူက စံချိန်တင်ရရှိခဲ့သည့် ဒေါ်လာ ၁.၄၄ဘီလီယံမှစကာ စဉ်ဆက်မပြတ် တိုးတက်လာခဲ့ပြီး ဇန်နဝါရီလတွင် စားအုန်းဆီကြမ်းနှင့် စားအုန်းဆီအခြေပြုထုတ်ကုန်အမျိုးမျိုးတင်ပို့မှုတို့မှ ဒေါ်လာ ၂.၂၉ ဘီလီယံ (ရူပီး ၃၈.၆ ထရီလီယံ) ရရှိခဲ့ကြော င်း သိရသည်။

     ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့က ဂျကာတာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် BPS မှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Ateng Hartono က စားအုန်းဆီတင်ပို့မှုသည် နှစ်စဉ် ၅၉.၆၃ ရာခိုင်နှုန်းဖြင့် မြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ တင်ပို့မှုပမာဏအနေဖြင့် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁.၂၇သန်းမှ တန်ချိန် ၂.၂၄သန်းသို့ ၇၇.၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စားအုန်းဆီကဏ္ဍသည် အင်ဒိုနီးရှား၏ ရေနံနှင့်ဓာတ်ငွေ့ မဟုတ် သော စုစုပေါင်း တင်ပို့မှုတန်ဖိုး၏ ၁၀.၇၈ ရာခိုင်နှုန်းခန့်အထိ ရှိလာကြောင်း သိရှိရသည်။

     နိုင်ငံတကာ စားအုန်းဆီကြမ်းဈေးနှုန်းသည် လစဉ် ၁.၈၁ရာခိုင်နှုန်း မြင့်တက်လျက်ရှိရာ ဇန်နဝါရီလတွင် စားအုန်းဆီမက်ထရစ်တန် တစ်တန်လျှင် ဒေါ်လာ ၉၉၇.၈၂ရှိကြောင်း၊  လစဉ် တိုးတက်နေသော်လည်း ကမ္ဘာတစ်ဝန်း ကုန်စည်ဈေးကွက်များတည်ငြိမ်လျက်ရှိရာ ယခင်နှစ် ထက် ၆.၇၇ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဈေးကွက်များ တည်ငြိမ် လာမှုကို ထင်ဟပ်နေကြောင်း သိရှိရသည်။

     ကုန်စည်တင်ပို့မှုနှစ်ဆမြင့်တက်လာသည်ဆိုသော်လည်း အင်ဒိုနီးရှား၏ ကုန်သွယ်မှုပိုငွေ အားလုံးကို ခြုံငုံကြည့်လျှင် သိသာစွာကျဆင်းလျက်ရှိကြောင်း၊ ကုန်စည်ကုန်သွယ်မှုပိုငွေသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂.၅၁ဘီလီယံရရှိခဲ့သော်လည်း ၂၀၂၆ ခုနှစ်  ၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၉၅၀ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာ ၃.၄၉ ဘီလီယံနှင့်နှိုင်းယှဉ်လျှင် သိသာစွာကျဆင်းခြင်းဖြစ်ကြောင်း၊ သို့သော် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် ၎င်း၏ခံနိုင်ရည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလမှ စတင်ကာ ၆၉ လတိုင်အောင် ကုန်သွယ်မှုပိုငွေ စဉ်ဆက်မပြတ် တိုးတက်လျက် ရှိကြောင်း သိရှိ ရသည်။

Source: Indonesia Business Post, 3 March 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)