
၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း ဂါနာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ယင်းမှာ ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း မှတ်တမ်းတင်ခဲ့သည့် ဒေါ်လာ ၄.၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက သိသာစွာ တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ဂါနာနိုင်ငံသည် ၂၀၂၅ ခုနှစ်ကုန်တွင် စုစုပေါင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၁.၁ ဘီလီယံဖြင့် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဂါနာနိုင်ငံတွင် ရွှေသည် အဓိကပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၂၀ ဘီလီယံ ရရှိခဲ့ကာ ၂၀၂၄ ခုနှစ်ရှိ ဒေါ်လာ ၁၀.၃ ဘီလီယံထက် သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ နောက်ဆုံးရရှိသော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်အနှစ်ချုပ်အရ ရွှေသည် ယခုနှစ် ပထမနှစ်လအတွင်း ပို့ကုန်ဝင်ငွေကို ဆက်လက်ဦးဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူ ကာလရှိ ဒေါ်လာ ၂.၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၄.၂ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း ကိုကိုးမှ ဝင်ငွေမှာ ဒေါ်လာ ၁.၁ ဘီလီယံမှ ၉၅၆ သန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ အခြားပို့ကုန်များမှာလည်း အနည်းငယ် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်ရှိ ဒေါ်လာ ၅၉၆ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၅၄၀ သန်းသာ ရရှိခဲ့ကြောင်း သိရပါသည်။ သွင်းကုန်ဘက်တွင်မူ ဂါနာနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၂.၅ ဘီလီယံ သုံးစွဲခဲ့ပြီး ၎င်းမှာ ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် ပြောင်းလဲမှုမရှိကြောင်း သိရပါ။ ယင်းအထဲမှ ဒေါ်လာ ၈၂၅ သန်းမှာ ရေနံသွင်းကုန်များအတွက်ဖြစ်ပြီး အခြားသွင်းကုန်များမှာ စုစုပေါင်း ဒေါ်လာ ၁.၆ ဘီလီယံရှိကြောင်း သိရပါသည်။ ခိုင်မာသော ပို့ကုန်စွမ်းဆောင်ရည်ကြောင့် ၂၀၂၄ ခုနှစ် ပထမနှစ်လရှိ ဒေါ်လာ ၂.၁ ဘီလီယံမှ လက်ရှိတွင် ဒေါ်လာ ၃.၂ ဘီလီယံအထိ ကုန်သွယ်မှုပိုငွေ ရရှိခဲ့ကြောင်း သိရပါသည်။ ယခုကဲ့သို့ တိုးတက်လာခြင်းမှာ အထူးသဖြင့် ရွှေမှရရှိသော ပို့ကုန်ဝင်ငွေ မြင့်မားလာခြင်းကြောင့် အဓိကဖြစ်ကြောင်း သိရှိရပါသည်။
Source: myjoyonline.com
DOCA (ရန်ကုန်)
