
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်း၌ထွက်ရှိသည့် စားအုန်းဆီကြမ်း (CPO) ပါဝင်မှု အချိုး အစား ၅၀% နှင့် ဒီဇယ် ၅၀% ရောနှောပါဝင်သည့် ဇီဝဒီဇယ် (B50) ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ဒီဇယ်ဆီတင်သွင်းမှုကို ရပ်တန့်မည် ဖြစ်သည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Andi Amran Sulaiman က ပြောကြားသည်ကို အင်ဒိုနီးရှားအခြေစိုက် ANTARA သတင်းဌာနက ဧပြီလ ၁၉ ရက်နေ့တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးက B50 အသုံးပြုမှုအစီအစဉ်သည် အသက်ဝင်ပြီ ဖြစ်သော ကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ဒီဇယ်ဆီ တင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း Sepuluh Nopember နည်းပညာကျောင်း၌ ဧပြီလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီကို လောင်စာဆီ အစားထိုးအဖြစ် အသုံးပြုခြင်းဖြင့် အမျိုးသားအဆင့် စွမ်းအင် ဖူလုံမှုရရှိရေးကဏ္ဍကို အားကောင်းလာစေရန် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စားအုန်းဆီကို ဒီဇယ်ဆီ သာမက ဓာတ်ငွေ့နှင့် အီသနောတို့ကိုလည်း ပြုပြင် ထုတ်လုပ် နိုင်ပြီး လက်ရှိအချိန်တွင် ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိ ကြောင်း အင်ဒိုနီးရှား၏ အနာဂတ် စွမ်းအင်ဖြစ်ပြီး အဆိုပါစွမ်းအင်ကို စားအုန်းဆီ အရင်းအမြစ်မှ ရရှိကြောင်း၊ စားအုန်းဆီသည် ဒီဇယ်ဖြစ်လာနိုင်သကဲ့သို့ ဓာတ်ငွေ့အဖြစ်လည်း ဖြစ်လာမည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှား အစိုးရအနေဖြင့် အသေးစားလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် စားအုန်း ဆီကို အခြေခံ၍ ထုတ်လုပ်သည့်ဓာတ်ငွေထုတ်လုပ်ခြင်းကို အကြီးစားလုပ်ငန်းအဖြစ် တိုးတက် လာစေရန် နိုင်ငံပိုင်ဆီအုန်းစိုက်ခင်းများဆိုင်ရာ ကုမ္ပဏီ (PTPN IV) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း အောင်မြင်မှုရရှိပါက အကြီးစားလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး အင်ဒိုနီးရှား ၏ အနာဂတ်မှာ တောက်ပလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Sepuluh Nopember နည်းပညာကျောင်းက ဆောင်ရွက်ထားရှိသည့် လျှပ်စစ်ထွန်စက် အပါအဝင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအပေါ် ကုန်ကျစရိတ် ပိုမိုသက်သာစေရေး နှင့် ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လျှပ်စစ်ထွန်စက်သည် ဒီဇယ်ကို အသုံးပြုရန်မလိုအပ်ဘဲ လျှပ်စစ်ကိုသာအသုံးပြုထားခြင်းကြောင့် စိုက်ပျိုးရေး ဝန်ကြီးဌာနအနေ ဖြင့် စမ်းသပ်အသုံးပြုရန်အတွက် လျှပ်စစ်ထွန်စက် ၁၀ လုံးကို မှာယူထားကြောင်း၊ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးက နည်းပညာကျောင်းသို့ ရောက်ရှိစဉ်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထုတ်လုပ်လိုက်သည့် လျှပ်စစ်ထွန်စက်များသည် ပုံမှန်ဈေးနှုန်းထက် တစ်ဝက်ခန့်သာ ကုန်ကျမှာဖြစ်ကြောင်း၊ ဒီဇယ်ကို အသုံးပြုရန်မလိုအပ်ဘဲ လျှပ်စစ်ကိုသာ အသုံးပြုရမှာ ဖြစ် ကြောင်း၊ စီးပွားရေးအရလည်း တွက်ခြေကိုက်စေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: Antara News, 19 April, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
