အိန္ဒိယဗဟိုအစိုးရသည် ပြည်နယ်အနှံအပြားရှိ အာလူးစိုက်တောင်သူများကို ကာကွယ်ပေး သည့်အနေဖြင့် တစ်တန်လျှင် ၆၅၀၀.၉၀ ရူပီး ဈေးကွက်ပေါက်ဈေးရှိ Uttar Pradesh ပြည်နယ်မှ အာလူးများအား သန်း ၂၀၃.၁၅ အထိ ဝယ်ယူရန် အတည်ပြုလိုက်ကြောင်းသိရှိရသည်။
စိုက်ပျိုးရေးပြည်ထောင်စုဝန်ကြီးက လက်ရှိတွင်တန်ချိန် ၉၄,၅၀၀ ဝယ်ယူထားရာမှ Andhra Pradesh ပြည်နယ်တွင် တန်ချိန် ၁.၁၃ ခန့်အထိ တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ Karnataka ပြည်နယ်ရှိ အာလူး ဝယ်ယူခြင်းအား မေလ (၁၅) ရက်နေ့အထိ တိုးမြှင့်ထားပြီး တောင်သူများအတွက်ပိုမိုရောင်းချရန် အချိန်တိုးမြှင့်ပေးထားခြင်းဖြစ်သည်။
စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ပြည်နယ်များရှိ စိုက်ပျိုးရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် Virtual စနစ်ဖြင့် တွေ့ဆုံရာတွင် အဆိုပါ အာလူးဝယ်ယူခြင်း အဆိုပြုလွှာအပေါ် အတည်ပြုခဲ့ခြင်းဖြစ်သည်။
တောင်သူများအား သင့်တင့်မျှတသည့်ဈေးနှုန်းရရှိရန်နှင့် ဈေးနှိမ်ရောင်းချမှုမှ တားဆီးရန် အတွက် အစိုးရအနေဖြင့် ယခုကဲ့သို့ဝယ်ယူမှုကိုဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ဝယ်ယူခြင်းကြောင့် အာလူးအများဆုံးထွက်ရှိသည့်ကာလတွင် တောင်သူများ တွေ့ကြုံရသည့် စိုးရိမ်မှုများအား ဖြေလျော့ပေးသည့်အနေဖြင့် တောင်သူများအတွက်ဈေးကောင်း ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
Source – Business Standard, April 18 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
